မှတ်သားထိုက်တဲ့စာစုဖြစ်လို့ထပ်မံဖြည့်စွတ်မျှဝေပါ၏။သီရိခတ္တရာ သုမုန္ဒြီမင်း ၆၂၂ သက္ကရာဇ်ဖြို တတိယပုဂံတမ္ပဝတီခောတ်ပုပ္ပါးစောရဟန်းမင်းကြီး ၅၆၀သက္ကရာဇ်ဖြို =၁၁၈၂ + ၁၃၈၀=၂၅၆၂ သာသနာ(သို့)ကောဇာမြန်မာသက္ကရာဇ်ဖြစ်ပါသည်။၂၅၆၂ _ ၂၀၁၈(ယ္ခု ခရစ်နှစ်)= ၅၅၄- သာသနာနှစ်မှာ ခရစ်တော်(သို့)ခရစ်နှစ်စသည်။သို့ပါသောကြောင့်ခရစ်တော်မပေါ်မှီခရစ်နှစ်မစခင်ထဲကမြန်မာတို့၏ဗုဒ္ဓဘာသာယဉ်ကျေးမှူ့သမိုင်းသည်ကြီးကျယ်မြင့်မြတ်လှသောသကျသာကီဝင်မင်းမဟာသက္ကရာဇာ(မဟာသက္ကရာဇ်)မှစ(သာသနာသက္ကရာဇ်) (ကောဇာမြန်မာသက္ကရာဇ်)၁၃၈၀ခုနှစ်ယနေ့ထိတိုင်မြန်မာဗုဒ္ဓဘာသာယဉ်ကျေးမှူ့ကြီးနှင့်ခန်းနားထည်ဝါစွာတည်ဆောက်ထားတဲ့နိုင်ငံတော်ကြီးဖြစ်ပါတယ်။
.မြန်မာမှန်ရင် မဖြစ်မနေသိရမယ့်
အချက်လေးတွေကို နားလည်လွယ်အောင်
ရေးထားပါတယ်။ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။Show more
သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါ။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ
(ဒုတိယမူကြမ်း)

ပုဒ်မ(၇) ဘာသာရေးကို အခြေမခံသောနိုင်ငံ

(က) ဖက်ဒရယ် ပြည်ထောင်စုသည်
.နိုင်ငံရေးနှင့်ဘာသာရေး ရောစပ်ခြင်းမရှိ
.စေပဲ ဘာသာရေးကို အခြေမခံသော
.နိုင်ငံ ဖြစ်စေရမည်။
( ခ ) မည်သည့် ဘာသာအယူဝါဒကိုမျှ နိုင်ငံ
.တော်ဘာသာအဖြစ် ပြဌာန်းခြင်း မရှိစေရ။

.ဒီပုဒ်မနဲ့ ပတ်သက်လို့ ပြောလိုရင်းပါ။
ဥပဒေဆိုတာ ရေးဆွဲချင်တိုင်း ရေးဆွဲလို့
ရပေမယ့် သမိုင်းကိုတော့ ဖျောက်ဖျက်လို့
မရပါ။

.တတိယသမ္မတ ဦးဝင်းမောင် လက်ထက်မှာ
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်
အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့တာ
ကို ခေတ်အခြေအနေရ ပယ်ချချင်တယ်
ဆိုရင်လည်း သမိုင်းကိုတော့ အားနာဖို့
ကောင်းပါတယ်။

.မြန်မာပြည်အာဏာကို ရယူပြီး မြန်မာသမိုင်း
ကို ဖျောက်ဖျက်ချင်သူများ သတိထားရမယ့်
အချက်ကလေးတွေပါ။ ကလေးကအစ နားလည်
သဘောပေါက်နိုင်အောင် လိုရင်းတိုရှင်းပဲ
ထောက်ပြမှာပါ။

.မြန်မာ့သမိုင်းမှာ ဗုဒ္ဓဘာသာဟာ နိုင်ငံဂုဏ်ဆောင်
ဘာသာဆိုတာ ငြင်းပယ်မရတဲ့ သမိုင်းသက်သေ
တွေပါ။

.၁။ မြန်မာသက္ကရာဇ်
မြန်မာသက္ကရာဇ်ကို သာသနာသက္ကရာဇ်နှင့်
စတင်သတ်မှတ် ရေတွက်ခဲ့ပါတယ်။
တကယ်ဆိုရင် မြန်မာသက္ကရာဇ်ဟာ သာသနာ
သက္ကရာဇ်အရေအတွက်နှင့် တန်းတူပါပဲ။
ဒါပေမယ့် သရေခေတ္တရာခေတ် သုမုန္ဒြီမင်းလက်ထက်
၆၂၂-နှစ်မှာ တစ်ကြိမ်၊ ပုဂံခေတ် ပုဗ္ဗစောရဟန်းမင်း
လက်ထက် ၅၆၀ ခုနှစ်မှာတစ်ကြိမ်နဲ့
နှစ်ကြိမ်ပေါင်း သက္ကရာဇ် ၁၁၈၂ နှစ်ကို ဖြိုခွင်း
ခဲ့လို့ မြန်မာသက္ကရာဇ်ဟာ ၁၃၇၈ ခုပဲဖြစ်နေတာပါ။
ဒါကြောင့် သာသနာသက္ကရာဇ်ကို သိချင်ရင်
မြန်မာ့ရောက်ဆဲ သက္ကရာဇ်ထဲကို မင်းနှစ်ပါး
ဖြိုခဲ့တဲ့ သက္ကရာဇ် ၁၁၈၂ ကို ပေါင်းထည့်ပါက
သာသနာသက္ကရာဇ် ဘယ်လောက်ရှိပြီဆိုတာကို
သိနိုင်ပါလိမ့်မယ်။ ၁၁၈၂ ကိုတော့ မူသေမှတ်ထားရမှာပါ။
( ၁၁၈၂+၁၃၇၈=၂၅၆၀)။
မင်းနှစ်ပါးမဖြိုခဲ့ရင် မြန်မာသက္ကရာဇ်လည်း
၂၅၆၀ ခုနှစ်ရှိပါပြီ။

.၂။ ရွှေတိဂုံစေတီတော်
သာသနာသက္ကရာဇ် မပေါ်မီ မဟာသက္ကရာဇ်
၁၀၃-ခုနှစ်ထဲက တပုဿဘလ္လိက ကုန်သည်
ညီနောင်နှစ်ပါးကို မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ချီးမြှင့်ပေးသနာတော်မူတဲ့ ဆံတော်ရှစ်ဆူကို
ဌာပနာသွင်းပြီး မြန်မာမင်းအဆက်ဆက်
ကိုးကွယ်လာတဲ့ စေတီတော်ပါ။ ကမ္ဘ္ဘာ့ပထမ
ဦးဆုံးစေတီဆိုတာ သမိုင်းသက်သေအထောက်
အထားခိုင်လုံစွာနဲ့ ကမ္ဘာက လက်ခံထားတာပါ။
ဒါတောင် သမိုင်းဝင်စေတီတွေ အများကြီးကျန်သေးတယ်။

.၃။ မြန်မာဘာသာစကား
မြန်မာဘာသာစကားထဲမှာ မြတ်ဗုဒ္ဓရဲ့
ဓမ္မဒေသနာမူရင်းဖြစ်တဲ့ ပါဠိနဲ့ပါဠိသက်
ဝေါဟာရတွေဟာ ထုတ်နှုတ်ကြည့်မယ်ဆို
ကျမ်းတစ်စောင် ပေတစ်ဖွဲ့ပါ။
လုံးဝကို အစားထိုးမရအောင် နေရာယူထားတဲ့
ဝေါဟာရစကားလုံးတွေတောင်ရှိပါတယ်။
ဥပမာ။ ။ သမ္မတ နာယက ဥက္ကဋ္ဌ သမဂ္ဂ
ဝီရိယ ဆန္ဒ ရောဂါ ဝေဒနာ စတဲ့ဝေါဟာရတွေ
သေချာလေ့လာရင် အများကြီး။ စာပေနဲ့
ကြည့်မယ်ဆိုလည်း မြန်မာစာပေဟာ
ပါဠိသဒ္ဒါနဲ့ အခြေခံထားတာပါ။ ပြောချင်တာက
မြတ်ဗုဒ္ဓရဲ့ ဓမ္မဒေသနာဖြစ်တဲ့ ပါဠိစာပေနဲ့
ပါဠိဝေါဟာရတွေကို မြန်မာစာမြန်မာစကားမှာ
သမိုင်း ဖျောက်မရဘူးဆိုတာကိုပါ။

.၄။ မြန်မာတို့ရဲ့ ၁၂-လရာသီ အခေါ်အဝေါ်
မြတ်ဗုဒ္ဓသာသနာတော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့
မြန်မာလရဲ့ အမည်နာမတွေ။ ဝါဆိုလ
သီတင်းကျွတ်လ တန်ဆောင်မုန်းခေါ်တဲ့
တန်ဆောင်တိုင်လ။ ဒါကတော့ ပြောစရာတောင်
အထူးမလိုဘူး ကလေးတောင်သိတယ်။
တာဝတိံသာမှာ ဗုဒ္ဓဘုရားရှင်ဝါဆိုဝါကပ်တာနဲ့
ဗုဒ္ဓသားတော် ရဟန်းသံဃာတွေ ဝါဆိုဝါကပ်
တာကို စွဲပြီး မှည့်ထားတဲ့ လအမည်ကဝါဆို။
ဝါဆိုသီတင်သုံးခြင်မှ ကျွတ်လွတ်တာကို
စွဲပြီးမှည့်ထားတဲ့ လအမည်က သီတင်းကျွတ်။
အဇာတသတ်မင်း သာမညဖလသုတ်နာကြားဖို့
မီးရှူးတန်ဆောင်တွေ ကိုင်ပြီး ဗုဒ္ဓထံသွားတာကို
စွဲပြီးမှည့်ထားတဲ့ လအမည်က တန်ဆောင်မုန်း။
ဒါက မြန်မာ့ လရာသီမှာ ဗုဒ္ဓဘာသာတို့ရဲ့သက်သေ သမိုင်းဝင် အမည်လေးတွေပေါ့။

ဒါက သိသာထင်ရှား လူတိုင်းနားလည်တဲ့
သမိုင်းသက်သေတွေပေါ့။ စေ့စေ့ပေါက်ပေါက်
နှိုက်နှိုက်ချွတ်ချွတ် ပြောရရင် ကုန်နိုင်မယ်မထင်ပါ။

ကဲ…ခေတ်နဲ့အညီ နိုင်ငံပိုင်သတင်းစာမှာ
ဗုဒ္ဓတရားတော် ပယ်ချင်တဲ့ ဝန်မင်းတို့
မဘသ မလိုဘူးပြောတဲ့ ဝန်မင်းတို့
ဇာတိမာန်သီချင်းက ခေတ်နဲ့မလျှော်ညီလို့
မဆိုသင့်ဘူးပြောတဲ့ ဝန်မင်းတို့ရေ…။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် ခေတ်နဲ့မလျော်ညီဘူးချည်း ပြောနေမယ်၊တစ်ခြားဘာသာတွေနဲ့ တန်းတူဖြစ်အောင်
လုပ်ချင်နေတယ်ဆိုရင်တော့ ရွှေတိဂုံဘုရားကြီးကို ဖျောက်ကြပါ။
မြန်မာဝေါဟာရထဲမှာရှိနေတဲ့ ဗုဒ္ဓရဲ့
ပါဠိစကားလုံးတွေအစား မြန်မာစကားလုံးအသစ်တွေ
ဖန်တီးပေးကြပါ။ သာသနာသက္ကရာဇ်နဲ့ သတ်မှတ်
ခဲ့တဲ့ မြန်မာသက္ကရာဇ်တွေကို ဖြိုပစ်ကြပါ။
ဗုဒ္ဓဘာသာနဲ့စပ်ဆိုင်တဲ့ မြန်မာရာသီ လ-အမည်တွေကို
ပြောင်းလဲပေးကြပါ။

မင်္ဂလာပါဆိုတဲ့ ဗုဒ္ဓဘာသာက လာတဲ့
မြန်မာ့နှုတ်ခွန်းဆက် စကားလေးအစား
ခေတ်နဲ့ညီတဲ့ စကားအသစ်ကလေး တခွန်းလောက်
ဆန်းသစ်ကြည့်ကြပါ။ကိုယ့်လုပ်ရပ် ဟုတ်ပြီထင်နေရင်ပေါ့။

ပြောလိုက်လို့ နိုင်ရာကိုင်မယ်ဆိုပြီး
ဦးဝိစာရလမ်းတို့ ဦးဥတ္တမ ပန်းခြံတို့ကို
ရှက်ရမ်း ရမ်းပြီး နာမည်လျှောက်မပြောင်းနေနဲ့ဦး။
ကလေးကွက်တွေကို ပြည်သူက သိပြီးသား။

နှစ်ပေါင်းနှစ်ထောင့်ငါးရာ့ခြောက်ဆယ်တိုင်တိုင်
ဗုဒ္ဓသာသနာအရောင်နဲ့ ထွန်းပြောင်လာတဲ့ မြန်မာ့သမိုင်းကို ခြောက်လလောက်အာဏာရှင်စနစ်နဲ့ ဖျောက်ပစ်ချင်နေမှတော့
စွမ်းမယ်ထင်ရင် လုပ်ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

စကားလက်ဆောင်တစ်ခုကိုတော့
နောင်လာနောက်သားများအတွက် ပြောလိုက်ချင်ပါရဲ့………

သမိုင်းဆိုတာကို ဥပဒေနဲ့ဖျောက်ဖျက်ရင်
ဖျောက်ဖျက်သူရဲ့ သမိုင်းပဲရိုင်းလိမ့်မယ်…
သမိုင်းဆိုတာ ဘယ်တော့မှ ပျောက်မသွားဘူး။

…………နန်းနတ်နေနွယ်နိုင်………

49 people reacted
1.5K views
16 people reacted
839 views
ကျွန်တော်တို့သိပ်ချစ်ခင်လေးစားတန်ဖိုးထားရပါသော ပြည်ထောင်စုတိုင်းရင်းသားညီကိုမောင်နှမများအားလုံးရက်မြတ်မင်္ဂလာသင်္ကြန်အခါသမယနှစ်ကူးကစထာဝရအေးချမ်းရွှင်လန်းပီးငြိမ်းချမ်းသာယာနိုင်ကြပါစေလို့ဆုမွန်တောင်းပေးအပ်ပါ၏။
56 people reacted
981 views
နှစ်ကူးရက်မြတ်မင်္ဂလာမှာVKမှမျိုးချစ်သူမိတ်ဆွေညီကိုမောင်နှမအပေါင်းအားလုံးကျန်းမာချမ်းသာလိုအင်ဆန္ဒတွေပြည့်ဝကြပါစေကြောင်းဆုမွန်တောင်းပေးအပ်ပါ၏။(NLDထမိန်ခြုံလူယုတ်မာများမပါ။)
41 people reacted
847 views
အမျိုးစစ်အမျိုးချစ်သူအပေါင်းတို့အမျိုးဘာသာသာသနာနှင့်ပြည်တွင်းပြည်ပသစ္စာဖောက်များရန်မှကာကွယ်စောက်ရှောက်ရန်အတွက်ရဋ္ဌပါလအသင်းကြီးအားဝိုင်းရံပေးကြပါ။
30 people reacted
637 views