1 person reacted
1 person reacted
90 views
NLD တစ်ပါတီတည်း အစိုးရထပ်မဖြစ်နိုင်တော့ဘူးဆိုတဲ့ ခိုင်မာတဲ့တွက်ချက်မှုတွေ လေ့လာကြည့်ပါ---
===================Show more
အချက်အလက်များကိုတော့ ပြည်သူ့သတင်းသမားကိုဖြိုးဝေဆီက ရယူထားခြင်း ဖြစ်ပါတယ် (ခရက်ဒစ်ပါ ကိုဖြိုးဝေ) ။

လွှတ်တော်နေရာတွေကို ဦးစွာလေ့လာကြည့်ပါမယ် ။

ပြည်သူ့လွှတ်တော် 330
အမျိုးသားလွှတ်တော် 110
တိုင်း/ပြည်နယ် 168
တိုင်းရင်းသား 56
_________________________
စုစုပေါင်း 664
အရေးကြီးတဲ့ လွှတ်တော်တွေကတော့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ပါပဲ ခိုင်လုံမဲ 85 % ရမှသာလျှင် ဒုတိယသမ္မတ တင်မြှောက်နိုင်ပါမယ် ဒီတော့ ပြည်သူ့လွှတ်တော်အတွက် 166 နေရာနဲ့ အမျိုးသားလွှတ်တော်အတွက် 85 နေရာ အနိုင်ရဖို့ လိုအပ်ပါတယ် ။

၂၀၁၅ မှာ NLD ဘယ်လောက်ရခဲ့သလဲ ပြန်ကြည့်ပါမယ် ။

ပြည်သူ့လွှတ်တော် 255
အမျိုးသားလွှတ်တော် 135
_________________________
390
ဒီတော့ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ 333 နေရာထက် အများကြီးပိုရခဲ့တာ တွေ့ရပါမယ် ကဲ NLD အစိုးရ မဖွဲ့နိုင်ဖို့ဆိုရင် သူ့လက်ထဲက မဲနယ်မြေဘယ်လောက် လျှော့ချရမလဲ ? 57 နေရာ လျော့နိုင်ရင် နောက်တကြိမ် NLD အစိုးရ မဖြစ်တော့ပါဘူး— အဲဒါ ဖြစ်နိုင်ပါ့မလားဆိုတာကို ဖြစ်နိုင်ကြောင်း ကိုဖြိုးဝေတို့က ဒီလို ကောက်ချက်ဆွဲပြထားပါတယ် ။

NLD ဆုံးရှုံးနိုင်ချေကို ပြည်နယ်တွေမှာ တွက်ဆပါတယ် ။

ပြည်သူ့လွှတ်တော် (225)
-------------------------------
2015 2020
(အနိုင်) (ဆုံးရှုံးမဲ)

ကချင် 12 12
(မြစ်ဆုံရပ်ပါ့ဆိုတဲ့ ထွက်ပေါက်တခုကိုတော့ ချန်ထားပါတယ်)

ကယား 6 6
(ရုပ်ထုပြဿနာကြောင့်)

ကရင် 6 3

ချင်း 7 2

မွန် 10 5

ရခိုင် 4 4

ရှမ်း 12 4
__________________________
- 36
အမျိုးသားလွှတ်တော်
_________________
2015 2020
(အနိုင်) (ဆုံးရှုံးမဲ)

ကချင် 10 10

ကယား 9 9

ကရင် 10 5

ချင်း 9 3

မွန် 11 5

ရခိုင် 1 1

ရှမ်း 3 3
_________________________
- 36
လွှတ်တော် ၂ ရပ်ပေါင်း အနိုင်ရ မဲဆန္ဒနယ်မြေပေါင်း 72 နေရာ လက်လွတ်ရဖို့ ရှိနေပါတယ် ။ ဘာလို့ ဒီလို ကောက်ချက်သလဲဆိုရင် ကချင်ပြည်နယ်ရဲ့ မျှော်လင့်ချက် မြစ်ဆုံကိစ္စကို ရူးချင်ဟန်ဆောင်ပြီး ရွေးကောက်ပွဲ ကတိပျက်ခဲ့တာရယ် ကယားမှာ မလိုအပ်လှတဲ့ ရုပ်ထုအတွက် ဥပဒေနဲ့ အနိုင်ကျင့် စော်ကားခဲ့တာတွေကြောင့် လုံးဝမရနိုင်ဘူးလို့ တွက်ဆထားတာ မှန်နိုင်ပါတယ် ။ ကျန်တဲ့ ပြည်နယ်တွေကိုတောင် လျော့ပေါ့ တွက်ဆထားတာ တွေ့နိုင်ပါတယ် ။

ကျန်တဲ့ တိုင်းဒေကြီးတွေကို ထည့်မတွက်ရင်တောင် NLD အစိုးရမဖွဲ့နိုင်ရေးအတွက် လျော့နည်းဖို့ လိုအပ်တဲ့ 57 မဲထက်များတဲ့ 72 မဲ ရှိနေပါပြီ ။

ဒု _ သမ္မတဘယ်လိုရွေးမလဲ ဆက်ကြည့်ပါမယ် ။ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် အမတ်များရဲ့ ခိုင်လုံမဲ 85 % ရရှိမှသာ ဒု _သမ္မတ တင်မြှေက်မှု အောင်မြင်ပါမယ် ယင်း ဒု သမ္မတ များမှ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ထပ်တင်မြှောက်ရပါတယ် သမ္မတ တင်မြောက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှာ အမတ်များရဲ့ ဆန္ဒမဲ 333 မဲ လိုအပ်ပါတယ် ။

ဒီတော့ 2015 မှာ ရခဲ့တဲ့ အမတ် 390 ထဲက တိုင်းရင်းသားမဲ လျော့နိုင်တာက 72 မဲ ဆိုတော့ 318 မဲ ကျန်ပါမယ် 333 မပြည့်လို့ တပါတီတည်းနဲ့ အစိုးရ မဖွဲ့နိုင်တော့ပါဘူး--
အဲဒါကတော့ တိုင်းဒေသကြီးမပါပဲ တွက်ဆထားတဲ့ အချက်တွေပါပဲ ။ ကောင်းပါပြီ ဒီထက် ကျယ်ပြန့်တဲ့ ကောက်ချက် ရှာကြည့်ပါမယ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၅ မဲ NLD ကို မဲပေးခဲ့တဲ့ ပြည်သူတွေထဲကနေ—
၁ ။ ယခင်အစိုးရနဲ့ ယခုအစိုးရ ရဲ့ လုပ်ရပ် ၊ ရလာဒ်များ အပေါ် အမှန်အတိုင်းရှုမြင် သုံးသပ်တတ်သော ပညာတတ်များ၏မဲ 100 % မရနိုင်တော့ပါဘူး ။

၂ ။ NLD လက်ထက်မှာ သီးနှံစျေးနှုံးများ ကျဆင်းလာပြီး စားကုန်များ အဆမတန် စျေးတက်လာတဲ့အတွက် တောင်သူ မဲ 40 % လျော့နည်းနိုင်ပါတယ် ။

၃ ။ အလုပ်လက်မဲ့ ရာခိုင်နှုံး တိုးလာပြီး ငွေကြေးဖောင်းပွမှုနှုံးတက်နေခြင်းတို့ကြောင့် ပိုမိုဆင်းရဲလာနေတဲ့ အလုပ်သမားမဲ 40 % လောက် လျော့နည်းပါမယ် ။

၄ ။ နိုင်ငံရေးပါတီများကို စိတ်ပျက်စိတ်ကုန်နေတဲ့ ပြည်သူတွေ ဆန္ဒမဲ လာပေးဖို့ တွန့်ဆုတ်တဲ့အထဲက NLD မဲ 15 % လျော့နိုင်ပါသေးတယ် ။

၅ ။ ထင်တလုံးနဲ့ NLD ကို ဝန်းရံအားပေးခဲ့တဲ့ ဗုဒ္ဓဘါသာ အများစုနဲ့ အမျိုးသားရေးသမားများရဲ့ မဲကတော့ 80% ထက်မနည်း လျော့သွားပါပြီ ။

ဒါတွေ ဖြစ်နိုင်လားဆိုတာ လက်တွေ့ ပါတ်ဝန်းကျင်မှာ လေ့လာနိုင်ပါတယ် fb ပေါ်က တော့ မီးများမီးနိုင် ရေများရေနိုင်ပါပဲ ဒီအချက်တွေကို ပြီး ပြီးရော ရေးနေတာ မဟုတ်ပါဘူး ကျနော် အနီးစပ်ဆုံး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်ကို အခြေခံပြီး တွက်ဆကြည့်မိတာပါ ။

၂၀၁၈ ကြားဖြတ်မှာ NLD ပါတီက ၂၀၁၅ မှာ နိုင်ခဲ့တဲ့ ၁၁ နေရာကို ယှဉ်ပြိုင်ခဲ့ရာမှာ ၄ နေရာ ပြန်ရှုံးသွားခဲ့ရပါတယ် အသိသာဆုံးကတော့ ဝန်ထမ်းတွေများတဲ့ ဆိပ်ကမ်းမြို့နယ်မှာ ရှုံးခဲ့တာဟာ ပညာတတ်တွေလည်း လက်မခံနိုင်တော့ဘူးဆိုတာ မီးမောင်းထိုးပြလိုက်တာပါပဲ ။

၂၀၂၀ အတွက် ၂၀၁၈ ကြားဖြတ်က စံအဖြစ် သတ်မှတ်မယ်ဆိုရင် ၁၁နေရာမှာ ၄နေရာ ပြန်ရှုံးရလို့ 36.36%ဆုံးရှုံးခဲ့တာပါ ဒီစံနှုံးအတိုင်း ထပ်မံဆုံးရှုံးခဲ့မယ်ဆိုရင် တောင်ပြိုကမ်းပြိုပါလို့ ကြွေးကြော်ခဲ့တဲ့ ၂၀၁၅ အနိုင်ရအမတ်ဦးရေ 390ထဲက 36.36% ဆုံးရှုံးပါက 248ခန့်သာ ကျန်တော့မှာ ဖြစ်လို့------
တစ်ပါတီတည်း အာဏာရတဲ့စနစ်မှ လွတ်မြောက်နိုင်ကြောင်း......
1 person reacted
85 views
#ဒေါ်စုရဲ့သူငယ်ပြန်မိန့်ခွန်းနဲ့သူငယ်ပြန်ကတိစကားများပေါင်းချုပ်....

ဆက္ရန္
4 people reacted
94 views
#ဒေါ်စုရဲ့သူငယ်ပြန်မိန့်ခွန်းနဲ့သူငယ်ပြန်ကတိစကားများပေါင်းချုပ်....
0 people reacted
72 views