16 posts

5 people reacted
48 views
ဒဲ့မဲးဆွယ်သည်

ဗိုလ်လောင်းဝဏ္ဏမောင်လွင်မှ ဦးဝဏ္ဏမောင်လွင်ဆီသို့!Show more
++++++++++++++++++++++++++++++++

သူဟာ ဗမာလူမျိုးတစ်ယောက်ဖြစ်ပြီး (၁၉၅၂)မေလ(၃၀)မှာ သူ့ကို မွန်ပြည်နယ်၊သထုံမြို့မှာမွေးဖွားခဲ့ပါတယ်။

ဖခင်ဟာ ဦးမောင်လွင်ဖြစ်ပြီး ဒုတိယဗိုလ်မှုးကြီးမောင်လွင်ဆိုပြီး ဆိုရှယ်လစ်ခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့အရာရှိကြီးတစ်ဦးဖြစ်ပါတယ်။

စစ်တက္ကသိုလ်အမှတ်စဉ်(၁၆)တွင် ဗိုလ်လောင်းအဖြစ်တက်ရောက်ခဲ့ပြီး ကျောင်းဆင်းသောအခါ စာပေထူးချွန်စု(သိပ္ပံ)၊ လေ့ကျင့်ထူးချွန်ဆု၊ အောင်စစ်သည်ဆု စသောဆု(၃)ဆုစလုံးကို တစ်ယောက်ထဲဆွတ်ခူးသွားသော ဗိုလ်လောင်းတစ်ယောက်ဖြစ်ပါတယ်။

စစ်တက္ကသိုလ်သမိုင်းတွင် ဗိုလ်လောင်းဝဏ္ဏမောင်လွင်ကဲ့သို့ ဆု(၃)ဆုကို တပြိုင်နက်ဆွတ်ခူးနိုင်သည့် အခြားဗိုလ်လောင်း(၂)ယောက်မှာ အမှတ်စဉ်(၆)မှ ဗလအမှတ်-၁၈၀ ဗိုလ်လောင်းလှမြင့် နှင် အမှတ်စဉ်(၃၅)မှ ဗလအမှတ်(၃၈၂၉)ဗိုလ်လောင်းတင်မောင်သန်းတို့သာ ရှားရှားပါးပါး ရှိခဲ့ဖူးလေသည်။

ထိုမှတစ်ဆင့် ဗိုလ်၊ဗိုလ်ကြီး၊ဗိုလ်မှူးဘဝများဖြင့် စစ်ဆင်ရေးတာဝန်များကို အဆင့်ဆင့် အောင်မြင်အောင်ထမ်းဆောင်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးဝဏ္ဏမောင်လွင်ဘဝဖြင့် ခမရ(၁)ကိုဦးဆောင်ကာ ဝါးခသစ်စခန်းကို စစ်ဦးမှနေ၍ တိုက်ခိုက်ခဲ့ပါတယ်။

ဝါးခသစ်စခန်းဟာ ပြင်သစ်နည်းပညာရှင်တွေရဲ့အကူအညီနဲ့ တည်ဆောက်ထားပြီး မြစ်ရဲ့ အိုမီကာကွေ့ ရေအိုးဝပုံစံရှိတဲ့ တစ်ပေါက်ထဲသော စခန်းဝင်ပေါက်ကို သံဆူးကြိုး(၁၁)ထပ်ကာရံထားတယ်။

အဲဒီသံဆူးကြိုး(၁၁)ထပ်ရဲ့ တစ်ထပ်ခြင်းစီရဲ့ကြားထဲမှာ မှိုင်းတွေ၊ သံညှောင့်တွေ၊ သွပ်ဆူးကြိုးလိပ်တွေအပြင် သုံးထပ်ကွန်ကရစ်ဘန်ကာတွေကနေ စက်သေနတ်တွေနဲ့ လက်ယှက်ထိုးပစ်ခတ်နေတဲ့ ပုံမှန်ပစ်ကြောင်းတွေ ချထားတဲ့စခန်းဝင်ပေါက်တစ်ခုထဲရှိပါတယ်။

အဲဒီစခန်းရဲ့ဘေးဘက်နဲ့ နောက်ကျောဘက်တွေမှာ သောင်ရင်းမြစ်က စီးဆင်းနေပြီး သောင်ရင်းမြစ်တစ်ဘက်ကမ်းဟာလည်း ထိုင်းနိုင်ငံရဲ့ နယ်နမိတ်ဖြစ်နေတဲ့အတွက် လေကြောင်းပစ်ကူပေးလို့မရတဲ့အပြင် စခန်းရဲ့ဘေးဘက်နဲ့ နောက်ကျောဘက်ကနေ အလစ်ဝင်ရောက်တိုက်ခိုက်ဖို့ရာ လုံးဝမဖြစ်နိုင်တဲ့စခန်းပါ။

လက်နက်ကြီးပစ်ခက်ဖို့ရာကလည်း တစ်ဘက်နယ်စပ်နဲ့ ရန်သူ့စခန်းဟာ ဆက်စပ်နေတဲ့အတွက် ရန်သူဟာ အရှေ့တောင်အာရှမှာ ဘယ်တော့မှ မကျဆုံးနိုင်တဲ့ခံတပ်ကြီးဆိုပြီး ကမ္ဘာကို ကြွေးကျော်ထားခဲ့ပါတယ်။

အဲဒီလို ဘယ်လိုမှမကျနိုင်တဲ့ ခံတပ်ကြီးရဲ့ တိုက်စစ်မျှားဦးကို ခမရ(၁)ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဒုတိယဗိုလ်မှုးကြီးဝဏ္ဏမောင်လွင်ဟာ ဦးစီးဦးဆောင်ပြုပြီး ထိုးဖေါက်တိုက်ခိုက်ခဲ့ပါတယ်။

ဘယ်လောက်တောင် ခေါင်းဆောင်ကောင်းပီသလည်းဆိုရင် ထိုးစစ်ဆင်နေရင်း တစ်ယောက်ထဲ ရန်သူ့ဘန်ကာအရင်းအထိ ကျွံဝင်သွားခဲ့ပြီး တစ်နာရီလောက် မိမိလူတွေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့အောင်အထိ ဖြစ်သွားခဲ့တယ်ဆိုတာ မြန်မာ့စစ်သမိုင်းမှာ အခုအထိ နောင်လာနောက်သားတွေအတွက် ပြောစမှတ်ဖြစ်ခဲ့ရပါတယ်။

နောက်တော့ မြန်မာ့တပ်မတော်မှာ ကာနယ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး (၁၉၉၈)ဇူလိုင်လကစပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ညွန်ချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(၂၀၀၀)ခုနှစ်ကနေ (၂၀၀၁)အထိ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ (၂၀၀၁)ကနေ (၂၀၀၄)အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ (၂၀၀၄)ကနေ (၂၀၀၇)အထိ ဘယ်ဂျီယံနိုင်ငံဆ်ုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်၊ (၂၀၀၇)ကနေ (၂၀၁၁)အထိ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဂျနီဖါမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ထို့နောက် (၂၀၁၁)ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမြင့်ဆုံးတာဝန်ပေးခြင်းခံခဲ့ရပါသည်။

ဦးဝဏ္ဏမောင်လွင်ဘဝတွင် ဂုဏ်ယူစရာအကောင်းဆုံးမှာ သူ၏ဖခင်ဦးမောင်လွင်ရော သူပါ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရခြင်းပင်ဖြစ်ပေသည်။

ဦးဝဏ္ဏမောင်လွင်လက်ထက်တွင် ကုလသမဂ္ဂမှာအနောက်နိုင်ငံတွေက မြန်မာ့သံတမန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ယာယီနိုင်ငံသားကတ် White Card ကိုင်ဆောင်သူတွေ
မြန်မာနိုင်ငံမှာ မဲပေးခွင့်မရတာနဲ့ပက်သက်
ပြီး အပြစ်တင်ကြတယ်။

အဲဒီအချိန်မှာ ဦးဝဏ္ဏမောင်လွင်ကတော့ ခပ်အေးအေးပါပဲ အမေရိကန်တွေဘက် ကို ခပ်တင်းတင်းကြည့်ပြီး ခင်ဗျားတို့ အမေရိကန်မှာရော
green card ကိုင်ဆောင်သူတိုင်း
မဲပေးခွင့်ရှိသလားတဲ့ ပြန်ပြောလိုက်ပါတယ်။

တဆက်ထဲ ငါတို့နိုင်ငံမှာ
ရိုဟင်ဂျာဆိုတာမရှိဘူး။ ခိုးဝင် ဘင်္ဂလီဘဲရှိတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒါ့အပြင် မျိုးစောင့်ဥပဒေဆိုတာလဲ မြန်မာမိန်းခလေးတွေ အတွက် အကောင်းဆုံးဖြစ်အောင် ဥပဒေ ထုတ်တာပါဆိုပြီး ထပ်ပြောပြီး မင်းတို့အနေနဲ့ စွတ်ဖက်စရာ မလိုပါဘူးတဲ့ဗျာ။

ဒီလိုအမျိုးသားရေးကိုရော နိုင်ငံကာကွယ်ရေးကိုရော တစ်ကမ္ဘာလုံးကို ရဲရဲဝံ့ဝံ့တုန့်ပြန်ရဲတာ ဦးဝဏ္ဏမောင်လွင်တစ်ယောက်ထဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးသမိုင်းမှာရှိပါတယ်။

ဒီလိုရဲဝံ့တဲ့နိုင်ငံခြားရေးဝန်ကြီးကို မွေးထုတ်ပေးနိုင်တာကလဲ ကြံ့ခိုင်ရေးအစိုးရဘဲတစ်ခုထဲ မြန်မာ့သမိုင်းမှာရှိပါတယ်။

ကြံ့ခိုင်ရေးအစိုးရက ထောက်ခံမှုတွေ ပေးနိုင်လို့သာ ဦးဝဏ္ဏမောင်လွင်ဟာ နိုင်ငံတစ်ကာကို အခုလို ရဲရဲကြီး ပြန်ပြောနိုင်ခဲ့တာပါ။

လက်ရှိအခြေအနေမှာ တစ်ကမ္ဘာလုံးဟာ မြန်မာနိုင်ငံကို ပစ်မှတ်ထား ထိုးနှက်ပြီး အပြစ်ရှာနေတာအားလုံးအသိပါ။

ဒီလိုအခြေအနေမှာ ဦးဝဏ္ဏမောင်လွင်လို လက်ရုန်းရည်ရော၊နှလုံးရည်ရော ပြည့်စုံတဲ့နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံအတွက် လိုအပ်နေတာ မရှိမဖြစ်ပါ။

ဒါကြောင့် နိုင်ငံတစ်ကာကို ခေါင်းငုံ့ခံပြီး ငြိမ်မနေတဲ့ ဦးဝဏ္ဏမောင်လွင်လို နိုင်ငံခြားရေးဝန်ကြီးတစ်ယောက် ဖြစ်ပေါ်လာစေဖို့ ပြည်ခိုင်ုဖိုးပါတီကို မဲပေးကြပါစို့လား။

crd
ကိုခိုင်ဇော် Fbမှ ကူးယူဖော်ပြသည်
3 people reacted
52 views
"ပြည်သူနဲ့အတူ'' တဲ့။ အကွက်လေးတွေ ဘယ်လောက်လှလဲ..? ဘောမတွေ ဘာမှတောင် မပြောနိုင်ဘူး။ တစ်ချက်တည်းနဲ့ ငြိမ်ကျသွားတာပဲ...

ဟိုးအရင်က သတင်းစာတွေမှာပါတဲ့ တစ်ချက်တည်းကျွင်းဝင် ဆိုတဲ့ သတင်းတွေကိုသာ "မယုံဘူး ပြန်ရိုက်ပြ" ဆိုပြီး ငြင်းချင်ငြင်းလို့ရမယ်။ အဲ့ဒီ " ပြည်သူနဲ့အတူ" ဆိုတဲ့ စကားကြီးငါးလုံးကိုကျ ဘယ်လိုမှကို ချေပလို့မရဘူး။ ဒါကြောင့်ဟိုးအရင်က "အန်တီ့အကွက်တွေ လိုက်မစဉ်းစားနဲ့ ရူးသွားမယ်" ဆိုပြီး တဘောင်လိုလို ဘာလိုလို ကြားဖူးတာ။ စဉ်းစားတဲ့သူ ရူးမှာလား ဘယ်သူရူးမှာလဲ ဆိုတာတော့ ရေရေရာရာ မသိသေးဘူးပေါ့လေ။ ဆက်ပြီးတော့ စောင့်ကြည့်ရမှာပဲ။ ထားတော့..

ခုပြောချင်တာက ဘောမတွေ ဟင်ခနဲ ဟာခနဲ ဖြစ်သွားပြီး တစ်ချက်တည်းနဲ့ ဘာမှပြန်မပြောနိုင်တော့တဲ့ အဲ့သည် ပြည်သူနဲ့အတူဆိုတဲ့ စကားကြီးငါးလုံးအကြောင်းကို ပြောချင်တာ...

စေ့စေ့တွေးရေးရေးပေါ် ဆိုသလိုပဲ "ပြည် သူ နဲ့ အ တူ" ဆိုတဲ့စကားက နဖူးပေါ် လက်တင်ပြီးတောင် စဉ်းစားစရာမလိုဘူး အစိုးရဆိုတာ ပြည်သူနဲ့ အတူတူပဲ ဆိုတာကို စကားလေးငါးလုံးတည်းနဲ့ ဖော်ပြသွားတာ အရမ်းကို ထိထိမိမိရှိတယ်။ ပြောရရင် မတော်လိုက်ရတဲ့ ယောက္ခမကြီးဦးလွင်မိုးတို့ ဟိုးအရင်က ရိုက်ဖူးတဲ့ "ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲ" ဆိုတဲ့စကားလို "အစိုးရဆိုတာ တစ်ခါတုန်းကပြည်သူပါပဲ" ဆိုပြီး အလင်္ကာလေးနဲ့ ပြောသွားတာ သိပ်ထိမိတာပဲ။

အရင်လူတွေလို လမ်းခင်းပေးမယ်၊ တံတားဆောက်ပေးမယ်၊ ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်း ကို မိုးပျံတံတားဆောက်ပေးမယ်၊ ဂေါ်ဇီလာကြီး တို့၊ ဂျက်လေယာဉ်ကြီး တို့ မြေအောက်မြို့တော်ဆောက်မယ် တို့ စတဲ့ မစားရဝမခန်းတွေ မပြောသွားဘူး၊ ရိုးရိုးလေးပြောသွားတယ် ဘာတဲ့ ပြည်သူနဲ့အတူ တဲ့...

ပြည်သူတွေချမ်းသာချင်လား...? အေး...ချမ်းသာချင်ရင် ချမ်းသာအောင်လုပ်ကြ။ ပြည်သူချမShow more်းသာရင် အစိုးရလည်း ချမ်းသာမယ်။ အဲ့ဒါ ပြည်သူနဲ့အတူ ပဲ..ကိုင်း ဘယ်လောက်သမာသမတ်ကျလဲ....

ဟော...ပြည်သူတွေမကြိုးစားဘူးနော်...မကြိုးစားလို့ ဆင်းရဲတယ်နော် အေး အစိုးရလည်း ဆင်းရဲမယ်...ဒါပဲ ဘယ်လောက်လေးစားစရာကောင်းလဲ။ ဘယ်လောက်အနစ်နာခံထားလဲ ဆိုတာ အဲ့ဒါသက်သေပဲ...

အဲ့တော့ရှင်းရှင်းလေး ပြည်သူတွေ ချမ်းသာချင်ရင် ကိုယ့်ဘာကိုယ် ကြိုးစားကြ၊ မကြိုးစားရင် ဆင်းရဲမယ်၊ ကိုယ့်ဘဝကိုယ်သိကြ၊ ကိုယ့်ဘာကိုယ်လုပ်ကြ၊ အစိုးရဘာလုပ်နေလဲ မမေးနဲ့၊ မင်းတို့ဆင်းရဲရင် လိုက်ဆင်းရဲပေးဖို့ မင်းတို့ချမ်းသာရင် လိုက်ချမ်းသာပေးဖို့ အဆင်သင့်စောင့်နေတယ်။

ဘာလို့လဲဆိုတော့...

အစိုးရက ပြည်သူနဲ့အတူမို့ပဲ...ကိုင်း...
2 people reacted
51 views
15 Sep 2018photo updated
15 people reacted
65 views
ပထမဆုံးပုံလေး မြင်တော့
နန်နန်ပင်တွေရေဘေးကယ်ဆယ်ရေး
သွားတာမှက်နေတာပီးမှသိလိုက်ရတာက
မဲးဆွယ်စည်းရုံးရေးထွက်တာတဲ့
သာဓုပါဗျာ သာဓု
6 people reacted
70 views