YBS မှသည် တိုင်းရွှေပြည်သို့
==========================
Show more
ရန်ကုန် က နာမည်ကျော် YBS အရှုပ်တော်ပုံ စာရင်းရှင်းပါပြီ ။
တရုတ် ဘက်စ်ကားတစီး သိန်း ၇၇၀ ပေးဝယ်ခဲ့ရပါတယ် ။
ရန်ကုန်တ်ုင်းအစိုးရက ၇၀ ဘီလီယံ ရင်းနှီးမြှပ်နှံ၍ ဧရာဝတီဘဏ်မှ ၈ ဘီလီယံ ချေးခဲ့ပါတယ် ။ အစီးရေ ၁၀၀၀ ဝယ်ခဲ့ပါတယ် ။
YBPC နဲ့ YUPT ဆိုပြီး အစီး 500 စီ ခွဲဝေခဲ့ပါတယ် ။
2017-2018 ဘဏ္ဍာရေးနှစ်ရောက်မှ ပြင်ပစာရင်းစစ်အဖွဲ့ စစ်ဆေးခဲ့ရပါတယ် ။
YBPC
2015 - 2016 49.344 သန်း
2016 - 2017 1092 .520 သန်း
2017 - 2018 2938 . 939 သန်း
-----------------------------------------------
TOTAL 4080 . 803 သန်း ( ရှုံးခဲ့ပါတယ်)
YUPT
2016 - 2017 25 . 541 ( မြတ်ခဲ့ပါတယ်)
2017 - 2018 603 . 079 ( ရှုံးခဲ့ပါတယ်)
-----------------------------------------------------
TOTAL 577 . 538 ( ရှုံးပါတယ် )
နှစ်ခုပေါင်း 4658 . 341 သန်း ရှုံးခဲ့ပါတယ် ။
ပြဿနာ မရှိပါဘူး ။ ဖြိုးမင်းသိန်းငွေမှမဟုတ်တာ ပြည်သူ့ ငွေတွေပဲလေ ။
ဘဏ္ဍာ နှစ် သုံးနှစ်စာကို ပေါင်းပြီးမှ စစ်ဆေးခွင့် ရခဲ့တဲ့ စာရင်းစစ်အဖွဲ့ ဘယ်လောက်မှန်အောင် စစ်နိုင်မှာလည်း ။
သာမန် ဝန်ထမ်းတွေဆို ညအိပ် ညနေ ပြည်သူ့ငွေကို သိမ်းထားလို့ မရပါဘူး ။ ယာယီအလွဲသုံးစား ပုဒ်မ နဲ့ ညားသွားပါမယ် ။
YBS မအောင်မြင်ရင် နုတ်ထွက်ပါမယ်ဆိုတဲ့ ဖြိုးမင်းသိန်း ဘာပြောမလဲ စိတ်ဝင်စားစရာပါပဲ ။
ဒီတိုင်းပြည်မှာ နိုင်ငံရေး လုပ်စားရတာ သိပ်အနေအစားချောင်လွန်းနေပါတယ် ။ တာဝန်ယူ တာဝန်ခံတဲ့ စိတ်ထားစရာမလိုဘူး ။ မချမဆန့် ပြည်သူ့ငွေ သုံးမယ် ။ ရှုံးနေသလား ဟိုလွှဲချ ဒီလွှဲချ ရူးချင်ယောင်ဆောင် OK ပဲ ။
အစိုးရကို ထိမ်းကျောင်းရမဲ့ လွှတ်တော် ဘာလုပ်နေလဲ ? ရွှေကြွေးကျန် ၂၂ တန်ရှိတယ် ။ အစိုးရက ရအောင်မတောင်းသေးဘူး ဒါလည်း ဖိအားမပေးဘူး OK ပဲ ။ OTHER ACC ဖွင့်ထားပြီး ကျပ် 11. 45 ထရီလီယံကို ဘဏ်မှာ အတိုးမဲ့ သိမ်းထားပါတယ် ဆိုလည်း OK ပဲ ။
အသိပညာ ချို့တဲ့တဲ့ လက်ညှိုးထောင် ခေါင်းညိမ့် အမတ်တွေကြောင့် ဒီအစိုးရ နဲ့ ဒီလွှတ်တော် အသက်ဝင်နေသရွှေ့ မြန်မာပြည် ဆက်မွဲနေမှာ မြေကြီးလက်ခက်မလွှဲပါပဲ ။
ဒီလိုပြောတော့ မင်းအဘတွေ ဘာညာ တွေ ပြောကြအုံးမှာပေါ့ ။ ဖမ်းကွာ ဆိုတော့ နောက်ကြောင်းမပြန်ရ ဥပဒေကြောင့်တဲ့ ။
ရှင်းပြပါရစေကြုံလို့ပါ
အခန်း (14) ကူးပြောင်းရေးကာလပြဌါန်းချက်များ
ပုဒ်မ ၄၄၅
-----------
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ ကြေညာချက်များကိုလည်းကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ တာဝန် နှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည် ။ ယင်းအဖွဲ့ (သို့မဟုတ်)အဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြလျှက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ ။
အဲဒါ နာမည်ကျော် ဥပဒေ အပုပ်ချ ရေး ဥပဒေပါပဲ ။ ဒီထဲမှာ ရှင်းအောင်ရေးထားပါတယ် ။ နဝတ နအဖ အဖွဲ့ဝင်တွေကို တာဝန်အရ ဆောင်ရွက်မှုတွေအပေါ် အရေးမယူဖို့ ဆွဲခဲ့တာပါ ။
ကဲ ဦးသိန်းစိန်လက်ထက် နဲ့လည်း အကျုံးမဝင်ပါဘူး ။ ဒီအပြင် တာဝန်အရမဟုတ်တဲ့ ရာဇဝတ်မှုတွေ ( ခိုးမှု လာဒ်စားမှုတွေ)အရေးယူလို့ရပါတယ် ။
မကွေးတိုင်း ဝန်ချုပ်ဟောင်း မန်တိုင်းဝန်ချုပ်ဟောင်းတွေ အရစ်ကျပြန်ပေးတာ လက်မခံပဲ အရေးယူသင့်ပါတယ် ။ ဒီလူတွေဟာ အလွန်လောဘကြီးခဲ့တဲ့ သူခိုးတွေပါပဲ ။ သူတို့ကြောင့် သက်ဆိုင်ရာ ပါတီလည်း သိက္ခာကျပါတယ် ။
NLD ဘာကြောင့် ဒီလူတွေကို မဖမ်းသလဲ ? တဖက်အုပ်စုကို နိုင်ငံရေးသိက္ခာချချင်တာရယ် မိမိအလှည့်ကျရင် ဒီလိုပဲ လုပ်စေချင်တာရယ်ကြောင့် ထင်ပါတယ် ။
ပါတီတွေ ပြည်သူ့အကျိုး ပြည်သူ့ မျက်နှာထောက်ပြီး အလုပ် လုပ်ပြဖို့ လိုနေပါပြီ ။
(မျိုးဝင်း)