13 posts

အောင်မြင်မှုတံခါးကို ဖွင့်ဟနိုင်မယ့် သော့ချက်များ
🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑
၁။ အငြိုး အတေးတွေကို ဆုပ်ကိုင်မထားပါနဲ့။Show more
ခွင့်လွှတ်လိုက်ပါ။

၂။ တခြားသူအပေါ် အပြစ်မတင်ပါနဲ့။
တာဝန်ယူလိုက်ပါ။

၃။ လူတွေကို အာရုံမစိုက်ပါနဲ့။
စိတ်ကူးကိုပဲ အာရုံစိုက်ပါ။

၎။ အပြောင်းအလဲကို မကြောက်ပါနဲ့။
ဖြစ်လာမယ့်အကျိုးကျေးဇူးကိုသာ တွေးပါ။

၅။ ချီးမွမ်းခံရဖို့ အာရုံမစိုက်ပါနဲ့။
တခြားသူတွေကိုသာ ချီးမွမ်းပါ။

၆။ အချိန်မဆွဲပါနဲ့။
လုပ်စရာရှိတဲ့အလုပ်ကို ချက်ချင်းလုပ်ပါ။

၇။ ရည်ရွယ်ချက်မဲ့ လျှောက်မလုပ်ပါနဲ့။
ပန်းတိုင်အတည်တကျ ချမှတ်ထားပါ။

၈။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့။
မျှဝေစာနာမှုရှိပါ။

၉။ ဝေဖန်မှုတွေကို မမုန်းတီးပါနဲ့။
လက်ခံပါ။

၁ဝ။ မာနမထားပါနဲ့။
မသိတာတွေကို အမြဲသင်ယူပါ။

Credit
#yewinaung
1 person reacted
9 views
ငါတို့ စစ်တိုက်ခဲ့တယ်.....

ငါတို့ စစ်တိုက်ခဲ့တယ်။
စစ်အာဏာရှင်အတွက်
မဟုတ်သလို
နိုင်ငံရေးသမားအာဏာရှင်တွေ အတွက်လည်း မဟုတ်ဘူး။
ပြည်ထောင်စုကြီးတည်မြဲရေးနဲ့
ပြည်ထောင်စုထဲမှာရှိတဲ့ ပြည်သူတွေ
အေးအေးချမ်းချမ်း နေနိုင်ရေး အတွက် ဖြစ်တယ်။

ထမင်းငတ်တာဟင်းပြတ်တာ
လားဝန်တင်လိုရုန်းရတာ
မအိပ်မနေသွားရတာတွေ အသာထား
ခြေလက် မျက်စိစွန့် အသက်စွန့်ရတဲ့
ဆွေမျိုးသားမယား စွန့်ရတဲ့
အဖမဲ့ကလေးတွေ ထားခဲ့ရတဲ့
ဘဝတွေကို ဘယ်သူမှ မလိုချင်ဘူး။

စစ်ရဲ့ဆိုးကျိုးအသိဆုံးက
စစ်တိုက်ဖူးတဲ့ သူတွေပဲ။
စစ်ကိုဖန်တီးတာက
နိုင်ငံရေးသမား။
စစ်ကြောင့် ဒုက္ခရောက်ရတာက
စစ်သား။

နိုင်ငံရေးအရ
ဖြေရှင်းမရတဲ့ ပြဿနာကို
နိုင်ငံရေးသမားက Show more
စစ်နဲ့ဖြေရှင်းတဲ့အခါ
စစ်သားက စစ်တိုက်ပေးရတယ်။

ပျော်လို့စစ်တိုက်တာ
မဟုတ်ဘူး။
ဆွေးနွေးမရလို့
ခဲတံနဲ့ထိုးလို့ရမလို့
ဂစ်တာတီး ပြီး ရှင်းမရလို့
သေနတ်နဲ့ အသက်နဲ့ ရင်းပြီး ရှင်းကြရတာ။

နိုင်ငံတော်တည်မြဲရေး
အစိုးရတည်မြဲရေး
ပြည်သူလူထု လုံခြုံရေးအတွက်
စစ်တိုက်ရတယ်။
စစ်အာဏာရှင် တည်မြဲရေး
အရပ်အာဏာရှင် တည်မြဲရေး အတွက်
စစ်တိုက်နေတာ မဟုတ်ဘူး။

စစ်အာဏာရှင်ဆိုတာ
လက်ထဲ သေနတ်ရှိတယ် ဆိုပြီး
စိတ်ကူးရတိုင်း
ကောက်
အာဏာသိမ်းနေလို့တော့
မရဘူး။
စစ်အာဏာရှင် ဖြစ်စေမယ့်
အကြောင်းတရားတွေကို
နိုင်ငံရေးသမားတွေကဖန်တီးမပေးရင်
စစ်အာဏာရှင် မရှိနိုင်ဘူး။

စစ်အာဏာရှင်ဖြစ်အောင် ဖန်တီးတာလည်း
နိုင်ငံရေးသမား။
စစ်ဖြစ်အောင်ဖန်တီးတာလည်း
နိုင်ငံရေးသမား။
စစ်အာဏာရှင်ဟောင်းတွေနဲ့ပေါင်းပြီး
စစ်တိုက်နေရတဲ့ စစ်သားကို
အာဏာရှင်ရဲ့ စစ်ခွေး တွေလို့
ခေါ်တာလည်း နိုင်ငံရေးသမားတွေပဲ။

ငါတို့ စစ်တိုက်ခဲ့တယ်
စစ်အာဏာရှင်အတွက် မဟုတ်သလို
အရပ်အာဏာရှင်အတွက်လည်း
မဟုတ်ဘူး။

အာဏာအတွက် မဟုတ်ဘဲ
ပြည်သူတွေ လုံခြုံရေး
တိုင်းပြည် မပြိုကွဲရေး အတွက်
အသက်ပေး ခဲ့ရသူတွေကိုတော့
မစော်ကားကြပါနဲ့။

စစ်အာဏာရှင်ကိုမုန်းတာ
စစ်သားကို မုန်းတာမဟုတ်ဘူး ပြောပြီး
စစ်တိုက်တဲ့စစ်သားကို
တခါမှ အားမပေးတာ ကိစ္စမရှိ ပေမယ့်
စော်ကားလာရင်တော့ ကိစ္စရှိတယ်။

ခံစားချက် ခံယူချက်တွေကိုယ်စီနဲ့
တော်လှန်ခဲ့ကြတာ ပေမယ့်
မြန်မာအဘိဓာန်အရတော့
အစိုးရကို
လက်နက်စွဲကိုင်ပုန်ကန်သူဟာ သူပုန်ပဲ။

တပ်မတော်နဲ့သူပုန်
တိုက်နေတာမဟုတ်ဘူး။
အစိုးရအတွက်
တပ်မတော်က သူပုန်ကို
တိုက်နေရတာ။
တပ်မတော်ကမကာကွယ်ပေးရင်
ပြည်သူကတင်မြှောက်ထားတဲ့
အစိုးရလည်း မရှိနိုင်ဘူး။
သူပုန်အစိုးရတွေပဲ ရှိလာလိမ့်မယ်။

သူပုန်သေတော့ ဝမ်းနည်းပြ
စစ်သားသေတော့ ဝမ်းသာကြ သူတွေ
ပေါ်လာတဲ့ အခါ
စွန့်လွှတ်သွားကြတဲ့ ဝိဥာဏ်တွေ ကို
မျက်နှာပူလို့ လွမ်းမိကြ
ဦးညွှတ်ရဖို့ သတိရလာတယ်။

သူငယ်ချင်းတို့ရဲ့ သေခြင်းတရားဟာ
အမွန်မြတ်ဆုံးသောတုနှိုင်းဖွယ်ရာမရှိတဲ့ ဂုဏ်ဒြပ်ပါ။
တိုင်းပြည်အတွက်
အသက်စွန့်လှူခဲ့ရသူတွေ ကို
ပျက်ရယ်ပြုကြတဲ့အခါ
တိုင်းပြည်က ပြန်
ဒဏ်ခတ်ပါလိမ့်မယ်။

အဲဒီအချိန်ကျ မှ
အလှည့်ကျတော့
မနွဲ့ကြစတမ်းပေါ့။ ။
1 person reacted
6 views
အငှားမာန ထားသူများ
-------------------------
Show more
လူ့ ဘဝမှာ တိုင်းပြည်တပြည်ရဲ့ ဘုရင်ဖြစ်ဖို့ 
ကြီးကျယ်ခမ်းနားတယ်လို့  ထင်နေကြတယ်

နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင် နေရာကို
ရဖို့ အတွက် အပြိုင်အဆိုင်တွေ အတိုက်အခိုက်တွေနဲ့  ယှဉ်ပြိုင်ပြီး ယူကြရတယ်
ရှေးတုန်းက ဘုရင်တွေဆိုရင်
ကိုယ့်မိဘကိုယ်သတ် ကိုယ်ဦးလေးကိုယ်သတ်ပြီး
ဘုရင်နေရာကို လုကြရတယ်

အခုခေတ်မှာလည်း တိုင်းပြည်တပြည်မှာ
ရာထူးကြီးကြီး ရထားတယ်ဆိုရင် တော်တော်
ကြီးကျယ်ခမ်းနားတယ်လို့  ထင်နေကြတယ်

ကဲ့ ဗုဒ္ဓတရားတော်နဲ့  ကိုက်ပြီး
လေ့လာကြည့်ရအောင်ပါ

ပိဋကတ်တော်ထဲမှာ ကုသိုလ်အသေးအဖွဲလေးလုပ်ယုံနဲ့ 
သိကြားမင်းက ၇၅ ကြိမ် စင်္ကြာဝတေးမင်းက
အကြိမ် ၈၀ ဘုရင်တွေက မရေမတွက်နိုင်အောင်
ရကြတယ်တိုတဲ့ ဝတ္တုတွေ တော်တော်များများ
တွေ့ ရတယ်

သာသနာတွင်းမှာ ရယူနိုင်တဲ့ ကုသိုလ်သေးသေး
လေးဟာ ဘုရင်စည်းစိမ်းတင်မကဘူး စင်္ကြာဝတေးမင်းစည်းစိမ် သိကြားမင်းစည်းစိမ်တွေကို ရ ရှိနိင်တယ်ဆိုတော့ ကျွန်တော်တို့ တတွေဟာ အခုသာသနာတွင်းမှာ
အလှူအတန်းလုပ်နေတဲ့အခွင့်အရေးဟာ
ဘယ်လောက်ထိ အကျိုးပေးကြီးကျယ်ခမ်းနားမယ် ထင်ပါသလဲ

လှူတက်တန်းတက်မယ်ဆိုရင်
သံသရာကို အနားသတ် နိုင်တဲ့ နိဗ္ဗါန်အတွက်
အထောက်အပံ့ဖြစ်သလို နိဗ္ဗါန်မရောက်မီစပ်ကြားမှာလည်း ဘုရင်တွေ
စင်္ကြာဝတေးမင်းတွေ သိကြားမင်း တွေ အကြိမ်ကြိမ် ဖြစ်လိမ့်ဦးမယ်ဆိုရင်
ယုံပါ့မလား

ဒီအခွင့်အရေးကို ဗုဒ္ဓဘာသာဝင် တွေကလွဲပြီး
ကျန်တဲ့သူတွေ မရနိုင်သလို ယုံကြည်လည်း
မယုံကြည်နိုင်ပါဘူး

တကယ်တော့

ရှည်လျှားလှတဲ့ သံသရာနဲ့ တွက်ကြည်မယ်ဆိုရင်
လူ့ ဘဝတိုတာ မျက်စိတမှိတ် လျှပ်တပြတ် ကာလလေးပဲကြာတာပါ
အဲဒီလျှပ်တပြတ်အတွင်းလေးသာ ကြာတဲ့
လူ့ ဘဝ ထဲက ဘုရင်စည်းစိမ်တို့  သူဋ္ဌေးစည်းစိမ်တို့ ဆိုတာ ဘာတွေများ
မက်မောစရာ ရှိပါသလဲ သေပြီးကိုယ့်နောက်ပါမှာ
မဟုတ်ဘူးဆိုတာလည်း လူတိုင်းသိပါတယ်

ဒါဆိုရင်
ငါက ဘာရာထူးရထားတာ
ငါက ဘယ်လိုရှာနိုင်တာ
ငါက ဘယ်လောက်ချမ်းသာတာ

မင်းလိုကောင်ကများ
ငါလိုကောင်ကို ဘာမှတ်နေလည်း

တချို့ဆိုရင်
ကိုယ်ကဘာမှမဖြစ်တာတောင်
ငါက ဘယ်သူနဲ့ ဘယ်လိုပိုင်တာ ဆိုတဲ့
အငှားမာနတောင် ထားနေကြတာ

သာမန်ရူးသွပ်မှု့တော့
မဖြစ်နိုင်ဘူး

မိမိတို့ ရဲ့
ဘဝတွေကို
ဗုဒ္ဓတရားတော်တွေနဲ့ အညီ
တွေးတောကြံဆ
လိုက်နာကျင့်သုံးပြီး

မာန်မာနတွေကို
ချိုးနိမ်နိုင်ကြမယ်ဆိုရင်ဖြင့်

လူဖြစ်ကျိုးနဲ့ 
သာသနာနဲ့ ကြုံကျိုး
နပ်ကြမှာပါ လေ

ဦးမြင့်ခိုင်
0 people reacted
4 views
အန္တရာယ်ကင်းတရားတော်တွေနာယူထားကြပါ
ကုလား နဲ့ ဗမာတွေ အကြမ်းဖက်လို့ မတော်တဆ သေသွားရင်လည်း ကောင်းသောဘုံဘဝသို့ရောက်နိုင်ပါတယ်😁
0 people reacted
4 views
💫💫💫နတ်​တို့၏​စေတမန်​ နိမိတ်​ငါးတန်​💫💫💫

အနာထပိဏ်​သူ​ဌေး၏အရံဖြစ်​​သော ​ဇေတဝန်​​ကျောင်း​တော်​၌ မြတ်​စွာဘုရား သShow moreီတင်းသုံး​နေ​တော်​မူစဉ်​ ရဟန်းတို့အား ​ဟောကြား​တော်​မူ​သော ဒိဗ္ဗစက္ခုဉာဏ်​​တော်​အ​ကြောင်းကို ​ဖော်​ပြလို​ပေ၏။ဒိဗ္ဗစက္ခုဉာဏ်​​တော်​ဟူသည်​ သတ္တဝါတို့၏ ​ဝေး​သောအဆင်း နီး​သောအဆင်းနှင့်​ အင်​မတန်​​သေးငယ်​​သော အဆင်းရူပါရုံ​တွေကို သိမြင်​နိုင်​​သော ဉာဏ်​မျက်​စိပင်​ဖြစ်​၏။ဒိဗ္ဗစက္ခုဟူ​သော အသုံးအနှုံးသည်​ ပါဠိအသုံးအနှုံးဖြစ်​၏။မြန်​မာမှု​ဝေါဟာရအဖြစ်​​ပြောင်းလဲ၍ ​ခေါ်​ဝေါ်လျှင်​ နတ်​မျက်​စိပင်​ဖြစ်​၏။နတ်​တို့၏မျက်​စိကဲ့သို့ ဖုန်းလွှမ်းကွယ်​ကာထား​သော အရာဝတ္ထုကို မြင်​နိုင်​ သိနိုင်​စွမ်း​သော ဉာဏ်​မျက်​စိပင်​ဖြစ်​၏။

ဥပမာအားဖြင့်​ မျက်​နှာချင်းဆိုင်​ တံခါးရှိ​သော အိမ်​နှစ်​​ဆောင်​တို့၏ အလယ်​၌ မျက်​စိနှစ်​ကွင်း အလင်းမြင်​သူသည်​ ရပ်​တည်​​နေရာ၏။ထိုအိမ်​နှစ်​​ဆောင်​၏ အလယ်​၌ ရပ်​တည်​​နေ​သောသူသည်​ အိမ်​နှစ်​​ဆောင်​သို့ ဝင်​ကုန်​ထွက်​ကုန်​​သောသူ လမ်းမ၌ လမ်း​လျှောက်​ သွားလာကုန်​​သောသူတို့ကို မြင်​သကဲ့သို့ပင်​ဖြစ်​၏။ထိုနည်းတူစွာ ​သေဆဲ ဖြစ်​​ပေါ်ဆဲ အယုတ်​ အမြတ်​ အဆင်းလှ အဆင်းမလှ ​ကောင်း​သောသုဂတိ မ​ကောင်း​သောဒုဂ္ဂတိတို့၌ ကျင်​လည်​​နေရ​သော သတ္တဝါတို့ကို အထူးသဖြင့်​ စင်​ကြယ်​​သော လူတို့၏ မျက်​စိထက်​သာလွန်​၍ နတ်​မျက်​စိနှင့်​တူ​သော ဒိဗ္ဗစက္ခုဉာဏ်​ဖြင့်​မြင်​ရ၏ဟု မိန့်​​တော်​မူ၏။

ကောင်း​သော ကာယကံ ဝစီကံ မ​နောကံ သုစရိုက်​အကျင့်​တို့နှင့်​ပြည့်​စုံ​သောသူသည်​ ခန္ဓာကိုယ်​ပျက်​စီး၍ ​သေပြီးသည်​မှ​နောက်​၌ လူ့ပြည်​ နတ်​ပြည်​တို့၌ ကျင်​လည်​ရ၏။
မ​ကောင်း​သော ကာယကံ ဝစီကံ မ​နောကံ ဒုစရိုက်​အကျင့်​တို့နှင့်​ပြည့်​စုံ​သောသူများသည်​ ခန္ဓာကိုယ်​ပျက်​စီး၍ ​သေပြီး​သည်​မှ ​နောက်​ကာလ၌ ငရဲ တိရစ္ဆာန်​ ပြိတ္တာဘုံဘဝတို့၌ ကျင်​လည်​ကြရ၏။
ငရဲဘုံ၌ ကျ​ရောက်​ရမည့်​သူများကို ငရဲထိန်းတို့သည်​ လက်​​မောင်းတစ်​ဘက်​စီကို ကိုင်​၍ ယမမင်းအားပြကြကုန်​၏။အသျှင်​ယမမင်း ဤသူသည်​ မိခင်​ ဖခင်​ ရဟန်းသမဏ ဗြာဟ္မဏ လူကြီးသူမတို့၌ ​ကောင်းစွာမကျင့်​ ရို​သေ​လေးစားမှု ဂါရဝတရားကင်းမဲ့၏။ဤသူကို ဒဏ်​ထား​တော်​မူပါဟု ပြကြကုန်​၏။ "အ​မောင်​ လူ့​လောက၌ နတ်​တို့၏ တမန်​ငါးမျိုးထင်​ရှားဖြစ်​သည်​ကို မြင်​ပါသ​လော"ဟု စီစစ်​၏။မေးမြန်းစုံစမ်း၏။နတ်​တို့၏ တမန်​ငါးမျိုး ထင်းရှားဖြစ်​သည်​ကို မသိမမြင်​​ကြောင်းသိရ၏။
ထိုအခါ... ၁။သူငယ်​ ၂။သူအို ၃။သူနာ ၄။ရာဇဝတ်​သား ၅။သူ​သေ ၎င်းငါးမျိုးကို မြင်​မမြင်​စီစစ်​၏။မေးမြန်းစုံစမ်း၏။၎င်းငါးမျိုးကို မြင်​​ကြောင်းသိရ​သောအခါ....
၁။ကျင်​ကြီးကျင်​ငယ်​​ပေါ်၌ လူးလဲ​ပေကျံလျက်​ အိပ်​စက်​​နေ​သောသူငယ်​ကဲ့သို့ ငါလည်း ပဋိသ​န္ဓေ​နေခြင်းသ​ဘောရှိ၏။ပဋိသ​န္ဓေ​နေမှုကို မလွန်​ဆန်​နိုင်​။
၂။အိုမင်းရင့်​​ရော်​လျက်​ တုန်​တုန်​ရီရီသွားလာ​နေ​သော ဆံဖြူ သွားကျိုး အိုမင်းမစွမ်း​သော သူအိုကဲ့သို့ ငါလည်းအိုရဦးမည်​။အိုခြင်းတရားကို မလွန်​ဆန်​နိုင်​။
၃။အနာ​ရောဂါနှိပ်​စက်​၍ ဆင်းရဲဒုက္ခ​ရောက်​​နေ​သော လူနာကဲ့သို့ ငါသည်​လည်း နာခြင်းသ​ဘောကို မလွန်​ဆန်​နိုင်​။ဖျားနာခြင်းဖြစ်​ရ​ပေဦးမည်​။
၎။သူတစ်​ပါးဥစ္စာခိုးခြင်းစ​သော မ​ကောင်းမှုဒုစရိုက်​ပြုကျင့်​သူကို မင်းအစိုးရတို့သည်​ ညှဉ်းဆဲနှိပ်​စက်​အပ်​​သော ရာဇဝတ်​သားကို မြင်​​သောအခါ၊ မ​ကောင်းမှု ဒုစရိုက်​ပြုသူသည်​ ပစ္စုပ္ပန်​၌လည်း ကိုယ်​စိတ်​နှစ်​ပါးဆင်းရဲရ၏။တမလွန်​ဘဝသို့​ရောက်​လျင်​ ​ပြောဖွယ်​ရာမလို။
၅။သူ​သေကိုမြင်​​သောအခါ ငါသည်​လည်း ထိုသူကဲ့သို့ ​သေရဦးမည်​။သေခြင်းသ​ဘောကို မလွန်​ဆန်​နိုင်​ဟု ၎င်းငါးမျိုးကို ​တွေး​တောဆင်​ခြင်​ စဉ်းစားသင့်​၏။
ငါသည်​ ဘဝသစ်​၌ ပဋိသ​န္ဓေမ​နေရ​သေးမီ မအို မနာ ရာဇဝတ်​မှု သူ​သေဘဝတို့သို့ မ​ရောက်​​သေးမီ ယခုအခါ၌ ကိုယ်​ နှုတ်​ စိတ်​(ကာယကံ ဝစီကံ မ​နောကံ)​ကောင်းမှုကုသိုလ်​ကို ယခုထက်​ပိုပြီး ပြုလုပ်​အံ့ဟု စဉ်းစား​တွေး​တောကြံစည်​သင့်​၏။သင်​​မေ့​လျော့မှုရှိခြင်း​ကြောင့်​ ကိုယ်​နှုတ်​စိတ်​သုံးပါးတို့ဖြင့်​ ​ကောင်းမှုကို မပြုခဲ့​ပေ။အမိ အဖ အကို အမ အ​ဆွေခင်​ပွန်း ရဟန်း သမဏ ဗြာဟ္မဏတို့သည်​ ပြုအပ်​​သော မ​ကောင်းမှုမဟုတ်​။သင်​ကိုယ်​တိုင်​ပြုအပ်​​သော မ​ကောင်းမှုဖြစ်​၏။သင်​သည်​သာလျှင်​ ထိုမ​ကောင်းမှု၏ အကျိုးကို ခံစားရလတ္တံ့ဟု ယမမင်း​ပြောဆို၍ ဆိတ်​ဆိတ်​​နေ၏။ထိုသူကို ငရဲ၌ ကြီးစွာ​သော ဆင်းရဲ ခံစားရပုံကို ဒိဗ္ဗစက္ခုဉာဏ်​​တော်​ဖြင့်​ ကိုယ်​တိုင်​သိမြင်​၏ဟု ​ဟောကြား​တော်​မူခြင်းဖြစ်​၏။

ယမမင်း​စေလွတ်​အပ်​​သော နတ်​တို့၏ တမန်​ငါးမျိုးကို မကြာခဏမြင်​​တွေ့​နေရ​သော်​လည်း သတိပြုမိသူကား ရှားပါလှ၏။ယမမင်း​စေလွတ်​​သော နတ်​တို့၏တမန်​ဟုလည်း စိတ်​ထဲ အမှတ်​မထားကြပါ။ယမမင်း၏တမန်​​တော်​​တွေလာ​နေပြီ ယခုထက်​ပိုမိုသာလွန်​​အောင်​ ကုသိုလ်​​ကောင်းမှုပြုမှသင့်​​တော်​​ပေမည်​ဟု အကျွန်ုပ်​တို့လူသားတိုင်း ​နေ့ညမပြတ်​ နှလုံးသွင်းသင့်​၏။၎င်းငါးမျိုးကို ဆင်​ခြင်​နှလုံးသွင်းခြင်းသည်​ ​ငွေ​ကြေးဥစ္စာဓန ကုန်​ကျမှုမရှိ။သို့​သော်​ သတိ ပညာကင်းမဲ့ခဲ့သဖြင့်​ မဆင်​ခြင်​သည်​ရှိ​သော်​ ယမမင်း၏ ငရဲကျမည့်​ ဒဏ်​ထားခြင်း ခံရမည်​မှာမလွဲပါ။ထို့​ကြောင့်​ သမ္မပ္ပဓာန်​လုံ့လဝီရိယစိုက်​ပြီး နတ်​တို့၏တမန်​ ငါးတန်​​သောနိမိတ်​ကိုမြင်​တိုင်း ဆင်​ခြင်​နှလုံးသွင်းမှု အ​လေ့အကျင့်​ ပြုသင့်​​ပေသည်​ဟူ၍ တိုက်​တွန်းနိုး​ဆော်​ချင်​ပါ၏။
(ဥပရိပဏ္ဏာသ၊​ဒေဝဒူတသုတ်​​ကောက်​နှုတ်​ချက်​)

ထိပ်​ထက်​ဦး​ခေါင်း ဆံဖြူ​ချောင်းနှင့်
အ​ပေါင်းသူငယ်​ ဖျားနာတွယ်​၍
မဖွယ်​မရာ ပြစ်​များစွာကြူး
ဘဝကူးကြ မြင်​ဖူးလှလည်း
ယမရာဇာ တမန်​လာဟု
သူငါ သတိ မရှိပညာ
မဲ့ခဲ့ပါလျှင်​ ​လေးရွာဝင်​ဆွဲ
ငရဲမြဲလိမ့်​ ဉာဏ်​ဖြင့်​ချိန့်​​လော့။

သတ္တဝါဟူသမျှ
ဘေးမခ
အေးမြကြ​စေသတည်း။
အရှင်​လာဘဝံသ(​ဖောင်းပြင်​)
0 people reacted
9 views