4 posts

မင်္ဂလာအပေါင်းပြည့်စုံသော နေ့တစ်နေ့ဖြစ်ပါစေ ...
16 people reacted
64 views
တောထဲမှာနေတော့ သူပုန် ...
မြို့ပေါ်ရောက်တော့ မာဖီးယား ...
Show more
အရင်းမြစ်တွေဖမ်းပေးပါလို့ ပြောကြတယ် ... ဖမ်းဆီးနိုင်အောင်လို့ တခြားသောနိုင်ငံတွေမှာလို အစိုးရက ဖမ်းဆီးစရိတ်အလုံအလောက် ထုတ်ပေးရဲ့လား ...

ဖမ်းဆီးမှုကြောင့် ပစ်ခတ်မှုဖြစ် ... ပစ်ခတ်မှုကြောင့် တိုက်ပွဲတွေဖြစ်လာရင် သမိုင်းတရားခံလို့ ထိုးလာမယ့်လက်ညိုးတွေကို အစိုးရကတာဝန်ခံပေးနိုင်လို့လား ... တာဝန်မခံပဲ ဖမ်းဆီးရေးအဖွဲ့ကိုပဲ လက်ညိုးစုပြုံထိုးကြမယ့်အခြေအနေကို ဘယ်သူမှအရင်းအနှီးမပြုချင်ဘူး ...

နောက်ပြီး ကြောက်ခမန်းလိလိဖြစ်လာတဲ့ မူးယစ်သုံးဆွဲမှုကို မြေလှန်ဖို့အတွက်ဆို ဖမ်းဆီးရေးအဖွဲ့ဝင် အမှုထမ်းအရာထမ်းတွေကိုပါ ဆီးစစ် သွေးစစ် ဌာနသန့်ရှင်းရေးလုပ်ပြီးမှ အသစ်ပြန်လည်စုဖွဲ့သင့်တယ် ... ကျွံနေတာတွေအများကြီး ... ဒါတွေအားလုံး အစိုးရကိုယ်တိုင် ကျပ်မတ်ပြီး စီမံကိန်းချသင့်နေပြီ ...

မန္တလေး ဓားခုတ်မှုတွေဟာ မူးယစ်ဆေးဝါး ပျံ့နှံမှုရဲ့ လက်တွေ့အကျိုးဆက်တွေပဲ ... ဒီထက်ပို မဆိုးရွားအောင် စီမံကိန်းချဆောင်ရွက်သင့်ပြီ ...

နောက်တစ်ချက်က နယ်ထိန်းတွေ အမှုကြီးမဖြစ်ခင် သူခိုးတွေမွေးတဲ့အကျင့်တွေလည်း ပြုပြင်သင့်တယ် ... GTC ကျောင်းသားအသတ်ခံရမှုဟာ စောစီးဖမ်းသင့်ပါလျက် မဖမ်းပဲမွေးထားလို့ လူသတ်မှုအထိဖြစ်ခဲ့တာ ... အပ်နဲ့ထွင်းရမယ့်ကိစ္စ ပုစိန်နဲ့ပေါက်ခဲ့ရတဲ့ အဖြစ်မျိုးတွေ အများကြီး ထပ်လာလိမ့်မယ် ... ဒါသူခိုး ဓားပြမွေး အင်ဖော်မာလုပ်ခိုင်းတဲ့ အကျိုးပဲ ... ရဲတပ်ဖွဲ့ကြီး သန့်ရှင်းထက်မြတ်ပါစေ ...
18 people reacted
92 views
30 Aug 2018photo updated
12 people reacted
69 views
30 Aug 2018photo updated
12 people reacted
64 views