3 posts

အရင်နေ့က ၉၆၉ ဆိုတာနဲ့ပက်သက်ပြီး ဘုရား တရား သံဃာ စသည်တို့ရဲ့ ဂုဏ်တော်ကိုဖော်ညွှန်းတဲ့အကြောင်းရေးသားခဲ့တယ် ချက်ချင်းဆိုသလို ကျွန်တော်က ဗုဒ္ဓဘာသာအစွန်းရောက်ဆိုပြီး ဝိုင်းတိုက်ခိုက်မှုကိုခံရတယ် ဒီနေရာမှာပြောချင်တာက ကျွန်တော်တို့အားလုံးဟာ ဗုဒ္ဓဘာသာဝင်များအများဆုံးနေထိုင်သည့် မြန်မာနိုင်ငံတွင်နေထိုင်သောသူများဖြစ်ကြတယ် ကိုယ့်ဘာသာမှကိုယ်မသိဘူး နားမလည်ဘူးဆိုရင်ရှက်ဖို့ကောင်းသလို ဘာသာသာသနာလဲကွယ်သွားနိုင်လို့ ဘုရားဂုဏ်တော် ၉ပါး၊ တရားဂုဏ်တော် ၆ပါး၊ သံဃာဂုဏ်တော် ၉ပါးဆိုပြီး ရိုးသားစွာပြောခဲ့တယ် နိုင်ငံရေးမပါသလို လူမျိုးရေးလဲမပါခဲ့ဘူး တချို့သူတွေက ၉၆၉ ဆိုတာနဲ့ အစွန်းရောက်သမားတွေ ပါတီတစ်ခုရဲ့သူတွေ အဖွဲ့စည်းတစ်ခုကိုအားပေးသူတွေဆိုပြီး ခေါင်းစဉ်တတ်ကြတာအံ့သြမိတယ် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ဘာလို့များမိမိဘာသာကိုယုံကြည်တာနဲ့ ခေါင်းစဉ်ကြီးတွေတတ်ပြီးထိုးနှက်ကြတာလဲ ပြန်သုံးသပ်စေချင်ပါတယ်၊ နောက်တစ်ခုက ခုဟော့ဖြစ်နေတဲ့ ရွှေတိဂုံဘုရားကိစ္စမှာဆိုရင် ကျွန်တော်မိဘနာမည်နဲ့ရွှေပြားကပ်လှူခဲ့ပါတယ် ကျွန်တော့်အလှူတွက် အလှူလက်ခံသူများအနေဖြင့် အပြည့်ဝအသုံးပြုခြင်း ရှိ/မရှိကိုစိတ်မဝင်စားပါ လှူပြီဆိုတည်းကိုက စိတ်ပြတ်သားစွာဒါနပြုခဲ့တာပါ ယခုလိုသတင်းတွေတက်လာတော့ သတင်းမှားခြင်း/မှန်ခြင်းထက် မဟုတ်တာလုပ်တဲ့သူက မဟုတ်တာလုပ်ခဲ့တဲ့ ကံတရားအတိုင်းကံတရားကစီမံပါလိမ့်မယ် ဒါကြောင့်ထိုကိစ္စတွက်အထူးမပြောလိုပါ ထိုသူတွေဟာဘယ်ကလူတွေဖြစ်ဖြစ် ကျွန်တော့်အလှူတွက်အကုသိုလ်မဖြစ်စေလိုသောကြောင့်ဖြစ်ပါတယ် ဗုဒ္ဓဘာသာဝင်တိုင်း မိမိဘာသာတရားကို အရောင်အစင်းကင်းမဲ့စွာဖြင့် သာသနာအကျိုးကိုပြုနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🏻🙏🏻🙏🏻

ကိုဘုန်း (၁၂-၉-၂၀၁၈)
0 people reacted
40 views
2 people reacted
72 views
4 people reacted
84 views