@@ နှစ်ချို့ တမ်းခြင်း @@
*********************
Show more
@ သတိရခြင်း တဖက်ကမ်းမှာ
အလွမ်းက ကာရံပျက်လို့
နှစ်ချို့တဲ့ တမ်းတခြင်းတွေနဲ့
မှန်းဆရင်း နွမ်းလျှခဲ့တာ
ချစ်မိလို့ ..............
အပြစ်ရှိသူ ကိုယ်ပါ။
@ အသိမဲ့ခြင်း တခဏမှာ
ညနက်ရင်း အအိပ်ပျက်လို့ 
လွင့်ဖို့စိတ်လေနှင်ရာကိုပဲ့
ခိုနားရာ မျော်လင့်နေခဲ့တာ
ချစ်မိလို့.................
အပြစ်ရှိသူ ကိုယ်ပါ။
# ကိုယ်ဟာအပြစ်ရှိသူပါ
ချစ်မိတာ မေတ္တာမှန်ကြောင်း
သစ္စာပေါင်းလို့ နှောင်းငြိတွယ်တာ
ရင်မှာမြတ်နိုး အချစ်တိုးပြီး
မိုးလောက်ကြီးကို ချစ်မိသည်။
ချစ်မိလို့ အပြစ်ရှိသူ
$ T Z M. $
( KawThaung )