4 posts

စစ်သားအရမ်းမုန်းတဲ့ ဆွာသားတစ်ဦးရဲ့
ရင်တွင်းခံစားချက်
==========================================================Show more=========

ဒီ​နေ့ကျ​နော်​ရလိုက်​တဲ့သင်​ခန်းစာ
ပြောရမှာရှက်​ဖို့လည်း​ကောင်းပါတယ်​ဗျာ

ကျ​နော်​ကစစ်​သားဆိုရင်​အရမ်းမုန်းတဲ့​ကောင်​ဗျ
စစ်​ဆိုရင်​မုန်းလွန်းလို့​ရေစစ်​​တောင်​အိမ်​မှာမထားဘူး

ကျုပ်​က NLDမှ NLDဗျ ဒီ​နေ့ဆည်​​တွေကျိုးလို့​ရေ​တွေကြီးပြီဆို​တော့မှ ကျုပ်​ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိဘူး

သူများ​တွေကအထုပ်​​တွေကိုယ်​စီနဲ့​ပြေးကြလွှားကြ ကျုပ်​မှာ​တော့ မဗဒါ​မြေလူး ​နေသလိုပဲ အိမ်​မှာရှိတဲ့ အသက်​ကြီး​နေပြီဖြစ်​တဲ့အ​ဖေနဲ့အ​မေကိုထားပီး ​ကျောင်းက သားနဲ့သမီးကို သွားကယ်​ရင်​​ကောင်းမလား ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိဘူး

NLD​တွေလာကယ်​ရင်​​ကောင်းမှာပဲ မဲဆွယ်​တုန်းကလည်း
အစိုးရဖြစ်​ရင်​ ဟိုဟာလုပ်​​ပေးမယ်​ ဒီဟာလုပ်​​ပေးမယ်​​ပြောထားတာပဲ

မလုပ်​​ပေးရင်​​နေပါ ခုလိုဒုက္ခ​ရောက်​​နေတဲ့အချိန်​​လေး​တော့လာတန်​​ကောင်းပါတယ်​​လေ​ပေါ့ အာဏာလည်းရ​ရောလှည့်​​တောင်​မကြည့်​​တော့ဘူး ​ မျှော်​သာ​မျှော်​​ပေါ်မလာဘူး။

မဲဆွယ်​တုန်းက​တော့မဲထည့်​ဖို့အိမ်​​ရှေ့ကိုတရက်​အခါတရာ​လောက်​ဖြတ်​​နေတဲ့NLD​တွေ တ​ကောင်​မှ​ပေါ်မလာဘူး ။

အထုပ်​​တွေထုပ်​ရင်းဗျာများ​နေတဲ့အချိန်
ဟောလာပါပြီဗျာ ကျ​နော်​မုန်းပါတယ်​ဆိုတဲ့စစ်​သား​တွေ ဘာမ​ပြောညာမ​ပြောနဲ့ အ​ဖေနဲ့အ​မေကို ထမ်းထုတ်​သွား​လေရဲ့

အကိုကြီးအထုပ်​​တွေ​ပေး အထုပ်​​တွေ​ပေးတဲ့ အ​ရေးကြီးပစ္စည်​ဘာကျန်​​သေးလည်းတဲ့ ခဏ​လေး အ​မေစုပန်​ချီကား​လေးကျန်​​နေလို့ထည့်​ပါရ​စေ ။

ထည့်​ထည့်​ဆိုပီး အထုပ်​​တွေပါအကုန်​မသွား​လေရဲ့ ကျ​နော်​ဘာမှ​ပြောမထွက်​​အောင်​စွံအ​နေခဲ့တယ်​ ပီးမှ ​ကျောင်းက
ကျ​နော်​သားနဲ့သမီးကယ်​ဖို့ကျန်​​သေးတယ်​​ပြော​တော့


မပူနဲ့အကိုကြီး​ကျောင်းက က​လေး​တွေအကုန်
ကယ်​ထုတ်​ပြီးပီတဲ့​လေ။

လာလာအကိုကြီးပါတခါထဲလိုက်​ခဲ့ ဆိုပီး
ကယ်​ထုတ်​သွားကြတယ်​။

ကျ​နော်​ရှက်​လွန်းလို့မျက်​ရည်​​တောင်​ကျမိတယ်​ဗျာ
ကျ​နော်​ထင်​သလို သူများ​တွေ​ပြော​နေကြသလိုနဲ့ တကယ့်​လက်​​တွေ့ကတခြားစီပဲ။

တပ်​မ​တော်​သား​တွေပြည်​သူ​ပေါ်ထားတဲ့​စေတနာက ဘာအ​ရောင်​ဘာ​မျှော်​လင့်​ချက်​မှမပါပဲတကယ့်​ကို ဖြူစင်​လွန်းပါတယ်​ဗျာ။

သူများစကား​တွေနား​ယောင်​ပီး တပ်​မ​တော်​သား​တွေအ​ပေါ်အလိုလိုမုန်းတီး​နေမိတဲ့ကျ​နော်​ တကယ့်​ကို​မေ့မရနိုင်​တဲ့သင်​ခန်းစာအကြီးကြီးရလိုက်​တယ်​။

သူတို့​တွေရှိ​နေလို့ကျုပ်​တို့​ခေါင်းပြား​အောင်​အိပ်​နိုင်​တယ်
နွေး​ထွေးမှု လုံခြုံမှုအပြည့်​ရှိသလို ခံစားလိုက်​ရတဲ့​နေ့တ​နေ့ပါပဲဗျာ။

ဒီအ​ကြောင်း​လေးကို​ရေးကြီး​နေတဲ့ကြားထဲကမ​ပြောလိုက်​ရရင်​ တာဝန်​မဲ့ရာကျသလိုဖြစ်​မှာဆိုးလို့တင်​လိုက်​ပါတယ်​။

စစ်​တိုက်​လည်းသူတို့ ​ရေကြီးလည်းသူတို့
မီး​လောင်​လည်းသူတို့ ​မြေပြိုလည်းသူတို့ပဲထိပ်​ဆုံးက
အမြဲ​ရောက်​​ရောက်​လာတတ်​တယ်။

ကာချုပ်​ကြီးနှင့်​တပ်​မ​တော်​သားအားလုံးတို့အား အစဉ်​အမြဲ​လေးစားဦးညွှတ်​ရင်း ​တောင်းပန်​လိုက်​ပါတယ်

Credit=ဆွာသားတဦး
ဒေါက်တာမှိုင်း ထပ်ဆင့်မျှဝေသည်
0 people reacted
24 views
မရှင်းရင်အကြိမ်ကြိမ်ပြန်ဖတ် ငဒူတွေအတွက်
စစ် သွေး
31 Aug 2018
0 people reacted
21 views
V K သုံးသူများ သတိပြုမိစေရန်**********
-------------------------------
Show more
Facebook Teams ရဲ့ တစ်ဖက်စောင်းနင်း
ပေါ်လစီကြောင့် VK ကို ကူးပြောင်းသွားတဲ့
အမျိုးသားရေးသမား ၊ အစိုးရဝေဖန်ရေးသမား
တပ်မတော်ထောက်ခံသူတွေများပါတယ်.....၊

ပထမအချက်အနေနဲ့ သတိပြုမိရမှာက VK ကို
ရောက်ပီ VK က အရမ်းကောင်းတယ်..ဆိုပြ်ီး
အစိုးရဝေဖန်ရေးစာသားတွေ ပြင်းထန်စွာ မရေး
မိဖို့ သတိပြုကြပါ ၊ အစိုးရရဲ့ ဆက်သွယ်ရေး
ပုဒ်မက facebook တစ်ခုထဲတင် မဟုတ်ပါဘူး ...
မည်သည့်ဆက်သွယ်ရေး မီဒီယာမဆို သက်ရောက်
ပါတယ်...... ဒါကြောင့် ဥပဒေ စက်ကွင်းမလွတ်ပါဘူး....၊

နောက်တစ်ခု အနေနဲ့ VK မှာ လွတ်လပ်တယ်ထင်ပြီး
ဆဲချင်တိုင်းဆဲမနေနဲ့ VK ဆိုတာနိုင်ငံခြားသားများတယ်
ပုံတွေဘရုတ်သုတ်ခ လုပ် ဆဲဆိုနေရင်... ဒါကြောင့်လဲ
ဒီကောင်တွေ facebook က လက်မခံတာဆိုတဲ့
အတွေးမျိုးဝင်သွားလိမ့်မယ်.....၊

အရေးကြီးဆုံးအချက်က Facebook ကိုလုံးဝလက်လွတ်
ပစ်လို့မဖြစ်သေးဘူး.....VK ဆိုတာ မြန်မာပြည်တွင်းမှာ
သိပ်မကျယ်ပြန့်လှဘူး.....၊ VK မှာ Facebook က
နှိပ်ချလို့ ပြောင်းသွားတဲ့ ကိုယ့်လိုလူတွေပဲများနေမှာပါ....
ဒါ့ကြောင့် သာမာန်ပြည်သူ အများစုကတော့ Fb မှာ
ကျန်နေခဲ့မှာပါပဲ....သာမာန်ပြည်သူတွေကို အမှန်တိုင်း
သိဖို့ Facebook မှာချပြမယ့်သူနည်းသွားရင်...
တစ်ဖက် အယုံသွင်းရာနောက်ကို ပါသွားလိမ့်မယ်...၊

ဒါ့ကြောင့် Facebook ကိုလဲ မျက်ခြေမပြတ်စေချင်ဘူး...

VK မှာလဲသတိထားရေးကြစေလိုပါတယ်......၊

တစ်ကွက်မှားလို့ အစားခံရတဲ့ ကျား မဖြစ်စေလိုပါဘူး.....။

#UNayKo
1 person reacted
24 views
30 Aug 2018photo updated
2 people reacted
31 views