31 posts

စစ်ဆေးသင့်တဲ့ စာတစောင်
=====================
Show more
13-9-2018 ညနေ 16 : 24 နာရီမှာ Venarable Zawana ACC မှ စိတ်ဝင်စားဖွယ် ပို့စ်တခု တင်လိုက်ပါတယ် ။ ရွှေတိဂုံ ဒု ရုံးအဖွဲ့မှူးရဲ့ 2017 က ပေးပို့ တိုင်တန်းခဲ့တဲ့ စာတစောင်ဖြစ်ပါတယ် ။

စာပါ အကြောင်းတွေကလည်း ဟုတ်မဟုတ် တိုက်ဆိုင်စစ်ဆေးဖို့ လွယ်ကူနေတာ တကြောင်း ယခု ဖြစ်ပေါ်နေတဲ့ ရွှေပြားကိစ္စနဲ့ ဆက်နွယ်ပတ်သပ်နေခြင်း သာ/ ဝန် နဲ့ ပါတ်သပ်နေခြင်းတို့ကြောင့် တင်ပြလိုက်ပါတယ် ။

မူလ ပို့စ် တင်သူ ဆရာတော် Zawana ဟာ တိုင်စာသိပ်ရှည်တော့ မူရင်းအတိုင်း စကရင်ရှော့နဲ့ တင်လို့ ထင်ပါတယ် ဖတ်သူနည်းတာ တွေ့ရပါတယ် ။ ဒါကြောင့် ကျနော်ထပ်တင်ပါတယ် ။ တိုင်စာရဲ့ သဘောကိုပဲ လိုသလောက် ရေးလိုက်ပါတယ် ။ မူရင်းလည်း တွဲပေးလိုက်ပါတယ် ။ မှန်ခြင်း မှားခြင်း စစ်ဆေးသင့်တဲ့ အရေးကြီးတဲ့ စာလို့ရှုမြင်မိပါတယ် ။

၁ ဦးအောင်ကို ခန့်ထားသော စီမံဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက် ရဲ့ ဇနီး ဒေါ်အဲလ်ခွန်းရီသည် ခရစ်ယာန် ဖြစ်နေခြင်းနှင့် သား သမီးများပါ ခရစ်ယာန်ဖြစ်နေခြင်း

၂ ဝန်ထမ်း နှင့် မှတ်တမ်းရေးရာ ဂေါပက ဦးမိုးချစ်၏ ဇနီး နှင့် ဆွေမျိုးသားချင်းအားလုံးဟာ မြောင်းမြမှ ခရစ်ယာန်များဖြစ်နေခြင်း

၃ ဦးအောင်မှ တပည့်ရင်း အမတ်ဟောင်း ဦးစိုးဝင်းအား ဂေါပက အရည်အချင်း မပြည့်စုံပါလျှက်နှင့် ခန့်ထားစေ၍ ရွှေတိဂုံဘုရား၌ နိုင်ငံရေး ပယောဂများ လွှမ်းမိုးစေခြင်း

၎ ဒု ရုံးအဖွဲ့မှူးကျနော်သည် အပြစ်မရှိ ခေတ်အဆက်ဆက် ယုံကြည်မှုအပြည့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဦးသောင်းထိုက် နှင့် ဝန်ကြီးတူ ဖြစ်သူမှ အကြောင်းမဲ့ ထုတ်ပယ်ခဲ့ခြင်း

၅ နိုင်ငံခြားသားများထံမှ ရရှိသော အခွန်အား ယခင်က ပြေစာဖြင့် တိတိကျကျ ကောက်ခံထိမ်းသိမ်းရာမှ ယခု အလှူခံပုံးထဲသာ ထည့်စေခြင်း နှင့် ဘုရားပိုင် ငွေများအား အစိုးရဘဏ်မှာ မအပ်တော့ပဲ ပုဂ္ဂလိက ဘဏ်များတွင် ခွဲဝေအပ်နှံရန် မသင့်လျှော်စွာ စီမံနေခြင်း ( ယခု မရှိတော့ဘူး ကြားပါတယ် ငွေတိုက်စာချုပ် ဖြစ်ကုန်ပါပြီ)

၆ မြန်မာနိုင်ငံတွင် မည်သည့်ဂေါပကမှ မခံစားသော လစာများ သတ်မှတ်ခံစားနေခြင်း လစာ ( 280000) နှင့် ဓါတ်ဆီဖိုး (100000) စုစုပေါင်း တလလျှင် လစာအဖြစ် (380000) ယူနေပါတယ် ။ ယခင်အဆက်ဆက်သော ဂေါပကများသည် လုပ်အားဒါန အဖြစ်သာ ဆောင်ရွက်ခဲ့ပါတယ် ( ကဲ ဘုရားငွေ ဘယ်သူ လက်တွေ့စားနေပါသလဲ ?)

၇ ရွှေ ရတနာ ဌါနမှ ဂေါပက ဦးညိုဝင်း နှင့် တပည့် ဦးတင်မောင်ချိုမှ ရွှေချခြင်း လုပ်ငန်းအပေါ်မှ ဂွင်ရှာ လုပ်ကိုင်နေခြင်းများ ( ယခု ပြဿနာနဲ့ ဆိုင် မဆိုင် စိတ်ဝင်စားစရာပါ)

၈ စတိုကိုင် ဂေါပက ဦးခင်မောင်စိုးမှ လိုအပ်သော ပစ္စည်းများ ထုတ်ယူရာတွက် အလွန်အကျွံ စီစစ်ပြီး ရစ်နေပါသဖြင့် စိတ်ဆင်းရဲ နေရခြင်း

၉ ဦးအောင်ကို ခန့်ထားသော ဂေါပက များက ဝန်ထမ်းများအပေါ် နိုင်ထက်စီးနင်း ဆက်ဆံနေခြင်း

၁၀ ရုပ်ရှင် ဗီဒီယို ရိုက်ကူးခြင်းကို ကန့်သတ်ခြင်း နှင့် အနုပညာရှင်များ အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခြင်း

၁၁ မော်တော်ယာဉ်ဌာန မှ အလွှဲသုံးစားမှုများအား တိုင်တန်းသော်လည်း အရေးမယူခြင်း

၁၂ ဦးအောင်ကို၏ တပည့် ဦးသောင်းထိုက် တရုတ်ပြည် သွားရာတွင် ဘုရားငွေများအား အဆမတန်သုံးစွဲခြင်း နှင့် ဦးအောင်ကိုအတွက်ဆိုပြီး ဘုရားငွေနှင့် ပံ့ပိုးနေခြင်းများကို ဘုရားငွေ အသုံးစာရင်းများအား စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ် ( အရေးကြီးတဲ့ အချက်ပါ စီစစ်သင့်ပါတယ်)

၁၃ ဦးအောင်ကိုတပည့် ဂေါပက များမှ ယင်းတို့ နေထိုင်ရန်ဆိုပြီး ခေတ်အဆက်ဆက်ရှိနေခဲ့ပါသော အတွင်းရေးမှူးဌါန နှင့် အုပ်ချုပ်ရေးဌါန နေရာများကို အပိုင်စီးထားပါသဖြင့် ယခု ထမင်းစားဆောင် နောက်ဖက်တွင် ဖြစ်သလို တာဝန်ထမ်းဆောင်နေရခြင်း

၁၄ ယခင် ၅ နှစ်တကြိမ် ရွှေချရန် မူချမှတ်ထားခဲ့သော်လည်း ယခု ဦးအောင်ကို လက်ထက်တွင် ၄ နှစ်တကြိမ် ရွှေချရန် စီစဉ်နေပါသဖြင့် ဘုရားအလှူငွေများ များစွာ ဆုံးရှုံးနိုင်ခြင်း
( အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ် ယခု ရွှေတွေစစ်မယ် ဘာညာဆိုတာ မူလကတည်းက ကြိုတင်ကြံစည်ချက်အတိုင်း ဆောင်ရွက်နေတာပါ)

၁၅ ဂေါပက အရည်အချင်းနှင့် စည်းမျည်းများကို ပြင်ဆင်ရေးဆွဲ၍ ယခု ဝန်ကြီး၏ စိတ်တိုင်းကျသူများ ခန့်ထားနိုင်ရန် စီမံနေခြင်း
( အလွန် စိတ်ဝင်စားစရာတွေပါပဲ နိုင်ငံရေး ပယောဂ ဟာ ရွှေတိဂုံကို ကူးစက်ပါတော့မယ်)

၁၆ အသက် ၆၀ ပြည့် ဝါရင့် ဝန်ထမ်းများအား အစိုးရ ဝန်ထမ်းမဟုတ်ပါပဲနဲ့ ငှင်းတို့နဲ့ အဆင်မပြေသူများအား အသက် အကြောင်းပြ ထုတ်ပယ်နေပြီး အဆင်ပြေသူများအား ဆက်လက်ခန့်ထား၍ ခွဲခြားဆက်ဆံနေခြင်း

၁၇ မလိုအပ်ပဲ အစည်းအဝေးများခေါ်ယူ၍ သက်ဆိုင်ခြင်းမရှိသော တာဝန်များကို နုတ်မိန့်ဖြင့် ပေါက်ကရစေခိုင်းနေခြင်း

၁၈ သီတင်းကျွတ်တိုင်း ကန်တော့သည်ဟု ဆိုကာ ဝန်ကြီးအိမ်တွင် အလုအယက် ကန်တော့နေရခြင်း

၁၉ ယခင်အဆက်ဆက် ရွှေတိဂုံ ဂေါပက အဖြစ် ရွှေးချယ်ရာတွင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင် လူကြီးလူကောင်းများကိုသာ ရွှေးချယ်စေခဲ့သော်လည်း ယခု ဝန်ကြီး ဦးအောင်ကို လက်ထက်တွင် ဗုဒ္ဓဘာသာ မျိုးရိုး မဟုတ်သော်လည်း ငှင်း နှင့် ပါတ်သပ်၍ အကျိုးပြုပေးပြီး ဘုရားငွေနှင့် ပံ့ပိုးပေးနိုင်သူများကိုသာ ရွှေးချယ်ခန့်ထား မြှောက်စားနေပါသော ကိစ္စများကို စီစစ်ဖေါ်ထုတ် တားဆီးပေးပါရန်
( အလွန်အရေးကြီးတဲ့ အနှစ်ချုပ်ပါပဲ)

ဒီတိုင်စာဟာ အမှန်ပဲဖြစ်ဖြစ် အမှားပဲ ဖြစ်ဖြစ် အလွန်အရေးကြီးပါတယ် ။ အလုပ်ထုတ်ခံရသူတယောက်က မကျေနပ်လို့ လုပ်ကြံရေးသားတိုင်ကြား ထားသလား ?
ဒါမှမဟုတ် သူတိုင်ထားတာ အဖြစ်မှန်တွေလား ?

တိုင်သူမှန်ခဲ့မယ်ဆိုရင် ဘာသာ သာသနာ အတွက် အန္တရာယ်ရှိနေပါပြီ ။ ဗုဒ္ဓဘာသာ ပြည်သူအများစု ရွှံမုန်းနေတဲ့ သာဝန်နဲ့လည်း တိုက်ရိုက်ပါတ်သပ်နေပြန်ပါတယ် ။ မှန်မမှန် စစ်ဆေးအတည်ပြုပေးရန် ပစ္စည်းသက်သေ လူသက်သေ များလည်း ရှိနေပါသေးတယ် ။

fb က အော်မှကြား fb ကနေ ဟန့်မှလန့် fb ကနေ ဆူမှ ထရှင်းတတ်တဲ့ အစိုးရမူဝါဒ ကြောင့် ဒီကိစ္စကို အမှားအမှန် သိစေဖို့ fb ကနေ ထပ်မံ အော်ပေးလိုက်ပါတယ် ။

Myo Win crd.ပါ
0 people reacted
6 views
မင်္ဂလာ နေ့သစ်ပါ အမျိုးတို့

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် Show more
(မပခ) မြစ်ကြီးနား အထက(၄)က နေ့စဉ်အလံတင်အခမ်းအနား

နိုင်ငံတော်အလံကို ကျောင်းအုပ်အရာရှိကိုယ်တိုင် အလံတင် အလေးပြုနေပုံကိုကြည့်ပြီး ကျန်အထက်တန်းကျောင်း များမှာလည်း
ဒီလိုအလံနဲ့ ဒီလိုအလေးပြုရင် ကျောင်းသားတွေစိတ်ထဲမှာ လူမျိုးချစ်စိတ် နိုင်ငံချစ်စိတ် စည်လုံးခြင်းအင်အား ပိုမိုရှိလာမည်ဟု ထင်မြင်မိပါသည်။

Naing Linn Aung
Cp#စသ
0 people reacted
4 views
၂၀၁၈ ကြားဖြတ်ရွှေးကောက်ပွဲတွင် ဝင်​​ရောက်​ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ NLD ပါတီ ကိုယ်စားလှယ်ကို လိမ်လည်မှုဖြင့်​ အမှုဖွင့်​အ​ရေးယူမည်​Show more

တောင်​ငူ၊ စက်​တင်​ဘာ၎

ပဲခူးတိုင်း​ဒေသကြီး ​တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ NLDပါတီမှ ၂၀၁၈ ကြားဖြတ်ရွှေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမှတ် (၁) တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးကျော်ဇေယျာအား ဒေသခံတောင်သူတစ်ဦးမှ စပါးဖိုးငွေကြေးရလိုမှု ဖြင့်အမှုဖွင့် အ​ရေးယူရန်စီစဉ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အုတ်တွင်းမြို့ ကြက်သွန်ခင်း၊( ၂ )ရပ်ကွက် ခိုင်ရွှေဝါလမ်းနေ ဒေါ်သန်းထွေးဆိုသူတောင်သူအမျိုးသမီးမှ ဦးကျော်ဇေယျာသည် ၎င်းထံမှစပါးများအား လွန်ခဲ့သောငါးလခန့်မှ ဝယ်ယူထားပြီး ယခုအခါတွင် ​ငွေကြေးလိုအပ်လာသဖြင့်အဆိုပါစပါးများအား ကာလပေါက်ဈေးဖြင့် ဖြတ်ရောင်းမည်ဟု အကြိမ်ကြိမ်သွားရောက်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည်ပြောကြားခြင့်မရှိခဲ့သဖြင့် ဝယ်ယူသွားသောစပါးများအား အခြားတွင်ရောင်းချရန် ပြန်လည်တောင်းဆိုသော်လည်း မရရှိသဖြင့် ဥပဒေနားလည်တက်ကျွမ်းသူများနှင့်တိုင်ပင်၍ အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း ​ရှေ့နေတစ်ဦးထံမှ သိရသည်။

"လူပါးဝတယ်ထင်လို့ တိုင်မှာ။ သူ့ပစ္စည်းမှမဟုတ်တာသူ့ဟာသူဘာကောင်ဖြစ်ဖြစ် ကျမချွေးနဲစာနဲ့ လုပ်ထားတဲ့စပါးတွေ သူဝယ်မယ်လို့ အိမ်ကလည်းကျဉ်းလို့ သူ့ဆီအပ်ထားတာ အရင်ကလည်း ဆက်ဆံထူးတယ်။ အဆင်ပြေတယ်၊ ခုကစပါးလည်းပြန်မရ ​ငွေလည်းမရတော့ ဥပဒေအတိုင်းပဲ ကျမဆက်လုပ်မယ် အမှုဖွင့်မယ် ​ရှေ့နေနဲ့တိုင်ပင်နေတယ်။သူ့ညွန်ကြားချက်အတိုင်းလုပ်မယ်။ ကျမ အကြိမ်ကြိမ်သွားတောင်းပြီးပြီမရဘူး ဖုံးလည်းမကိုင်တော့ဘူးခုကျတော့ သူရိုးသားရင်ကိုင်လေ တခါကိုင်တယ်။ အစည်းအဝေးရောက်နေတယ်တဲ့ မဲကိစ္စအတွက်တဲ့ မအားသေးဘူးတဲ့ လေသံမာမာနဲ့ နားမလည်ဘူးလားဆိုတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ်တောင်ပြန်ကြောက်နေရတယ်။ သူတို့ပါတီကိုလည်းတိုင်စာတင်ပေးမယ်လို့ပြောတယ်"လို့နစ်နာသူဒေါ်သန်းထွေးမှပြောကြားသည်။
0 people reacted
6 views
ခုမတဒေါင်းစားခွက်ပျောက်

Facebook သုံးစွဲသူ လျော့နည်းလာ၍Show more
တလအတွင်း ဝင်ငွေ၂၇ဘီလီယံကျော်
အရှုံးပေါ်ခဲ့ကြောင်း ဇူကာဘတ် ဝန်ခံလိုက်ပြီ
------------------------------

စက်တင်ဘာ၅

အမေရိကန်အခြေစိုက် Facebook
လူမှုကွန်ယက် သုံးစွဲသူ လျော့နည်းလာ
ခြင်းကြောင့် တလဝင်ငွေ၂၇ဘီလီယံ
အရှုံးပေါ်ခဲ့သည်ဟု ယနေ့ကျင်းပသည့်
ဖေ့စ်ဘုတ်ဆိုင်ရာစစ်တမ်းကောက်ခြင်း
အစည်းအဝေးပွဲတွင် Facebook
တည်ထောင်သူ Mark Zuckerberg က
ပြောကြားလိုက်သည်ဟု
ရုရှားနိုင်ငံထုတ် USSRသတင်းတွင်
ယနေ့ဖော်ပြထားပါသည်။

ရုရှားနိုင်ငံအခြေစိုက် VKလူမှုကွန်ယက်
သုံးစွဲသူ မြန်မာနိုင်ငံသားသန်း၂၀ကျော်
အသုံးပြုလာခြင်းကြောင့် VK မှာ
ကမ္ဘာ့အများဆုံးလူမှုကွန်ယက်
သုံးစွဲမှုအဆင့်တွင် နံပါတ်၂သို့
ရောက်ရှိလာသည်ဟု VKတည်ထောင်သူ
ဗလာဒီမာဂေါ်ဘားချော့က
ထုတ်ဖော်ပြောကြားလိုက်သည်ဟု
အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
လာမည့် အောက်တိုဘာလတွင်
VK ရုံးခွဲတခုကို ရန်ကုန်တွင်
လာရောက်ဖွင့်လှစ်မည်ဖြစ်ပြီး
VKသုံးစွဲသူ မြန်မာနိုင်ငံသားများအတွက်
ရုရှားနိုင်ငံ အလည်အပတ်အခမဲ့
ပို့ဆောင်ပေးမည့် အစီအစဉ်များကိုလဲ
ပြုလုပ်သွားမည်ဟု သိရပါသည်။

Приложение, в котором можно создавать Андроидов, похожих на себя или друзей. Готовая картинка сохраняется как стикер или анимированное изображение, которым можно делиться в чатах, записях и сообщениях.

помощью этого приложения можно создавать на телефоне или планшете мультфильмы. Используйте готовых персонажей или рисуйте героев с нуля. Создавайте локации, в которых будет развиваться история. Вам предоставляется полная свобода действий. Результат можно сохранить в галерею.

Профессиональный редактор фотографий с тремя десятками фильтров и инструментов. Умеет работать с файлами в форматах JPG и DNG. Среди возможностей: автоматическое улучшение выделенной области снимка, мягкое затемнение по краям, быстрое удаление нежелательных объектов, подсвечивание, размытие и другие эффекты.

USSR NEWS
Cp#စသ
0 people reacted
8 views
ယနေ့ သိန်းတစ်သောင်းဆုရှင်
အင်းတိုင် စက်မှုနှင့်အင်ဂျင်နီယာတပ်
တပ်သားတင်ထွန်းအောင်Show more
1.9.2018
………………

ရွှေမြန်မာ မဟာအောင်ကုဋေဟိန်းထီဆိုင်ကြီးမှ
18 ကြိမ်မြောက်သိန်းတသောင်းဆုကံထူးရှင်။ ။

ကိုတင်ထွန်းအောင်
အင်းတိုင်ကျေးရွာ၊လှည်းကူးမြို့နယ် မှဆွတ်ခူးရရှိပါသည်။
Crd#
Cp#စသ
0 people reacted
5 views