Happy Birthday
0 people reacted
1 person reacted
1 person reacted
ပြန်လည်မျှဝေပေးကြပါ
0 people reacted
21 views
သတင်းစာရှင်းလင်းပွဲအပေါ် မြန်မာနိုင်ငံသား
ပင်လယ်ကူး သင်္ဘောကြီးများ အတွေ့အကြုံရှိ
ကပ္ပတိန် စီအီးများ၏ မှတ်ချက်များShow more
===================================

ပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဟတ်လား
weather forecast မှာမပါပါလား.....

မုတ်သုန်လေအားကောင်းတယ်လေ
သူ့အချိန်ပဲ
ဒီအချိန်ဆွဲရင် ဒီရာသီဥတုကြုံမှာပဲ...
ဘာကိုမြှော်လင့်သလဲ..,

မုတ္တမပင်လယ်ကွေ့ မှာတဲ့ဟတ်လား

နေပါဦး ဘင်္ဂလားဒေ့ခ်ျ သွားမယ့် ဆွဲသင်္ဘောက မုတ္တမကွေ့ဘာလာလုပ်တာလဲ....

"စစ်တောင်းမြစ်အနီး မြန်မာ့ပင်လယ်ပြင်တွင်သောင်တင်ခဲ့သည့် သင်္ဘောကြီးအကြောင်း ဆွဲသင်္ဘောကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၃

သုံးခွမြို့နယ်၊ သမ္မစိတ္တရွာ အပြင်ဖက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်အနီး မြန်မာ့ပင်လယ်ပြင်တွင် သြဂုတ်လ ၂၉ ရက် ညနေပိုင်းက သောင်တင်ခဲ့သော SAM RATULANGI အမည်ရှိ ကုန်တင်သင်္ဘောကြီးသည် မုတ္တမပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆွဲသင်္ဘောနှင့် ချိတ်ဆက်ထားသော ကြိုးပြတ်ကာ မြန်မာ့ရေပိုင်နက်သို့ မျောပါသွားခြင်းဖြစ်ကြောင်း ယင်းသင်္ဘောကြီးကို ဆွဲယူလာသည့် ဆွဲသင်္ဘော Independence ကို ပိုင်ဆိုင်သည့် Ocean Solution Marine Time Management ကုမ္ပဏီမှ ယနေ့ည ၇ နာရီက ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

Ocean Solution Marine Time Management ကုမ္ပဏီ၏ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မေသန့်ဇင်က ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။"

၂၅ ရက်နေ့က ပြင်းထန်တဲ့မုန်တိုင်းကြီးတိုက်တယ်လို့ မိုးလေဝသ သတင်းမှာ မတွေ့မိဘူးလားလို့.....

ဘင်္ဂလားဒေ့ခ်ျ သွားမယ့်သင်္ဘောရဲ့ လမ်းကြောင်းဟာ ပုသိမ်မီးပြရဲ့ အနောက်ဖက်ကို ဦးတည်ရမယ်....

ဘယ် တည်နေရာမှာ ကြိုးပြတ်လို့ သုံးခွနားမျောပြီးရောက်လာသလဲ.....

ကြိုးပြတ်ပြီး သူများရေပိုင်နက်ထဲ ရောက်ချင်ရာရောက် ထားခဲ့ပြီး ဘယ်သူ့မှသတင်းမပို့ပဲ တိတ်တိတ်လေး မောင်းပြေးတာကို စွန့်ပစ်တယ်လို့ မပြောရင် အခြား သင့်လျော်တဲ့စကား သင်ပေးပါဦး....

တောင်းပန်တာတွေဘာတွေလုပ်မနေပါနဲ့ ဘယ်လိုဖြေရှင်းပေးမလဲပဲ ပြောပါ.....

ဒီလုပ်ရပ်အတွက် ဘာမှအရေးမယူပဲ
သင်္ဘောပျက်ဖယ်ရှားရေးတာဝန်မယူပဲ ဆွဲသင်္ဘောကုမ္ပဏီက တောင်းပန်တာနဲ့ လွှတ်ပေးမယ်ဆိုရင်တော့....

တိုင်းပြည်မျက်နှာမကြည့်တဲ့ နိုင်ငံတော်သစ္စာဖေါက်မှုကြီးပဲ

Credit- Ngalone Letphai Thein Win
===============================

ဒီသင်္ဘောစတွေ့ထဲက အခု သတင်းစာရှင်းလင်းပွဲထိ ရှုပ်နေတုံးဘဲ

မြန်မာနိုင်ငံမှာသင်္ဘောပေါင်းစုံ
ပေါ်မှာအဆင့်မြင့်ရာထူးတွေနဲ့
လုက်ခဲ့တဲ့ ကပ္ပတိန်တွေ အင်ဂျင်နီယာ
ချုပ်တွေရှိနေတယ်ဆိုတာ
ဒီမိန်းမအသိအမှတ်ပြုပုံမရဘူ။

ဒီသင်္ဘောကိစ္စက ခုထက်ထိကိုမရိုးသား
သေးဘူး။။
သူရှင်းမှ ပိုရှုပ်နေတယ်။

တခုထပ်ပြောပါမယ်
Tug Boat ဆိုတာ မုန်တိုင်းကြားမှာ
သင်္ဘောစက်ပျက်ပြီး မြောနေရင်
တောင် Tug boat လွှတ်ပြီး
သင်္ဘောနဲ့ သဘောင်္သားတွေကို
ကယ်တင်ဘို့ လွှတ်ရပါတယ်။

ကျွန်တော်တို့ တွေ တောင်တရုတ်ပင်
လယ်ပြင်မှာ တိုင်ဖုန်းမှုန်တိုင်းအကြီးကျယ်မိပြီးမျောနေတုံးက အဆွဲခံခဲ့ဘူပါတယ်
မိန်းအင်ဂျင်နဲ့ ဂျန်နရေတာ(မီးစက်)
ပါနှိုးမရဘူး။

ဒါပေမဲ့ VHF Channel 16
သုံးလို့ ရတယ် ။ ကြေးနန်းစက်ကလဲ
ပို့ လို့ ရတယ်။

သတင်းစာရှင်းသူကြီးကိုပြောပြတာပါ။

Credit- Mariner San

================================

လက်ပူးလက်ကြပ်မိတာပါဆိုမှ မုန်လာဥလုပ်ချင်နေသေးတယ်။ ဒီဖြစ်စဉ်မှာ ရိုးသားမှမရှိ ဆွဲသင်္ဘောကလုပ်ရမဲ့တာဝန်ဝတ္တရားပျက်ကွက်နေတာ ဘာကြောင့်လဲလို့ သတင်းသမားတွေ မမေးကြဘူးလား။ မြန်မာပြည်ကို လူတကာ တံတွေးခွက်ထဲမျောအောင်လုပ်မဲ့သတင်းမျိုးကျတော့ အားသွန်ခွန်စိုက်ရေးကြတယ်။ မြန်မာရေပိုင်နက်ထဲ ၀င်ပြီးလုပ်ချင်သလိုလုပ်သွားတဲ့တာဝန်မဲ့ဖြစ်ရပ်ကိုတော့ သာမန်ကာလုပ်နေကြတဲ့ သတင်းသမားတွေကို အံ့ပါရဲ့ဗျာ။ တပါတ်ကျော်မှ လာပြီးရှင်းလင်းပြနေတာကကော ရိုးသားရဲ့လား။

Kyaw Mya Oo(Captain)
0 people reacted
28 views