37 posts

ရသေ့တောင် မြို့နယ်၊ ရေဘုတ်ကျေးရွာ အနီး၌ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ် တစ်စီးအား မိုင်းခွဲဖျက်ဆီးခဲ့
Show more
နေပြည်တော် ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းကျေးရွာနှင့် ရသေ့တောင်သွား လမ်းမပေါ်၌ မော်တော်ယာဉ် တစ်စီးအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဖောက်ခွဲ၍ မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ရေဘုတ်ကျေးရွာ ၏အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မီးလောင်ပျက်စီးနေသော Light Truck အမျိုးအစား မော်တော် ယာဉ် တစ်စီးနှင့် မိုင်းပေါက်ကွဲ ထားသည့် အပိုင်းအစ များအား တွေ့ရှိရသည်။

အဆိုပါ နေရာနှင့် လမ်းကြောင်း တစ်လျှောက်တွင် အပြစ်မဲ့ဒေသခံ ခရီးသွားပြည်သူများ ဘေးအန္တရာယ် မရှိစေ ရေးအတွက် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး လုပ်ငန်း များအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

https://sgtphoesi.blogspot.com/2019/02/aa.html
1 person reacted
49 views
၁၈ နှစ်ပြည့်ပြီးသူများကိုသာ လက်ထပ်ခွင့်ပြုရန် တပ်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင် ဆွေးနွေး ...
Show more
4 February 2019

မြန်မာပြည်မှာ အမျိုးသားနဲ့အမျိုးသမီး လက်ထပ်ထိမ်းမြားနိုင်တဲ့အသက်ဟာ ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ်လို့ ပြဋ္ဌာန်းပေးဖို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ပြောဆိုဆွေးနွေးပါတယ်။

ဖေဖော်ဝါရီ ၄ ရက် အမျိုးသားလွှတ်တော်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။


“ဥပဒေကြမ်းမှာ ထိမ်းမြားလက်ထပ်ခြင်းနဲ့ သက်ဆိုင်သည့် အခန်း ၇၊ အပိုဒ် ၂၃ပါ အဆိုပြု ပြဋ္ဌာန်းချက်အစား အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟူသော စကားရပ်ဖြင့် ပြင်ဆင်လိုပါကြောင်း ”ဆွေးနွေးသွားပါတယ်။

ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၅ ဦး ၀င်ရောက်ဆွေးနွေးခဲ့ကြပြီး ဒီထဲမှာ အမျိုးသမီးဗိုလ်ကြီး ၃ ဦးလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်ကြီးဒေါ်သန်းသန်းဝင်း၊ ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေနဲ့ ဗိုလ်ကြီးဒေါ်သဇင်လှိုင်တို့ ၃ ဦးက အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်းကိစ္စ၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းကိစ္စ စတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ဆွေးနွေးသွားကြတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ဓလေ့ထုံးတမ်းဥပဒေတွေနဲ့အညီ လက်ထပ်နိုင်တယ်လို့ အတည်ပြု ပေးပို့ထားတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အိမ်ထောင်ပြု လက်ထပ်နိုင်တဲ့အသက်ကို ၁၈ နှစ်အရွယ် ပြင်ဆင်သတ်မှတ်ဖို့ အဆိုပြု ထားပါတယ်။

DVB
http://burmese.dvb.no/archives/311801
0 people reacted
43 views
23.11.2018နေ့တွင်
ကျေးဇူးတော်ရှင်မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏
ရုပ်ကလာပ်တော်အား အန္တိမဈာပနာကျင်းပရေးကွင်းရှိShow more
ပြသာဒ်ဆောင်ကိုပင့်ဆောင်ရန် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGFဗဟိုအကြံပေးနှင့်ကွပ်ရေးအဖွဲ့ဥက္ကဌအဖိုးထွန်းလှိုင် ဒုဥက္ကဌအဖိုးဖားနွီး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အမှတ်(2)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်း
အမှတ်(3)တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးစောကျော်မြင့်နှင့်
တပ်နယ်အရာရှိများ ပင့်ဆောင်ကြသည့်မြင်ကွင်း

#KTA

23.11.2018(6:05Pm)
1 person reacted
44 views
ရင်သားကင်ဆာရောဂါ အတွက် ကုက္ကိုရွက်ပါပဲ(လမ်းဘေးတွေမှာဖေါဖေါသီသီတွေ့နိုင်ပါတယ်)
Show more
ကုက္ကိုက နှစ်မျိုးရှိပါတယ်။အညာကုက္ကိုနဲ့ ကုလားကုက္ကိုပါ။ရန်ကုန်လိုအောက်ပြည်အောက်ရွာမှာပေါက်တာက ကုလားကုက္ကိုပင်ပါ။လမ်းဘေးတွေမှာဖေါဖေါသီသီတွေ့နိုင်ပါတယ်။ဒီနည်းကိုအကြောပြင်ဆရာမဒေါ်လှ (လှိုင်သာယာ)ကပြောပြတာပါ။

“ကျွန်မတို့နားက ခလေးမလေးနို့ကင်ဆာတော်တော်နဲ့ မပျောက်နိုင်ပဲဖြစ်နေတာ အသိတစ်ယောက်ကအိမ်ရှေ့က ကုလားကုက္ကိုပင်ကိုလက်ညှိုးထိုးပြပြီး ကုက္ကိုရွက်နုလက်တစ်ဆပ်စာကိုခူး ရေစင်အောင်ဆေးပြီး တစ်နေ့သုံးကြိမ်ထောင်းသောက်ခိုင်းတယ်။

လက်တစ်ဆုပ်စာတစ်ခါထောင်းရင် အကြမ်းပန်းကန် လုံးတစ်ဝက်သာသာပဲရတယ်တဲ့။သူပြောတဲ့အတိုင်းသူ့ချည်းသက်သက်ဘာမှမရောပဲတစ်နေ့သုံးကြိမ် သောက်တာလေးလလောက်ကြာတော့ နေထိုင်ကောင်းလာလို့ဆေးပြန်စစ်တာ အဲဒီနို့ကင်ဆာရောဂါကြီးမရှိ တော့ဘူး။အခုတော့အရင်ကလိုစိုစိုပြေပြေပါပဲ။

ဒီနေ့ဥပုသ်စောင့်ရင်းတောင် ဆုံခဲ့သေးတယ်”အပင်တွေရဲ့ဆေးစွမ်းက အံ့မခမ်းရှိပါပေစွ။မိမိပါတ်ဝန်းကျင်မှာ သဘာဝသမားတော်တွေရှိနေကြပါတယ်။

ဒါကိုပညာမျက်စိနဲ့သာတွေ့မြင်နိုင်ကြပါတယ်။တန်ဘိုးမသိသူတို့မှာကားထင်းခုတ်ရုံမှတစ်ပါးမသိမြင်နိုင်ကြပါပေ။

“အနာနှင့်ဆေး တည့်ကြပါစေ”

Credit:သဘာဝဆေးနည်းများနှင့် ကျန်းမာသုတများ

http://www.plusmm.net/2018/02/27/post_162441.html
2 people reacted
46 views
မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ India Gate ရှိ Amar Jawan Jyoti ၌ ဂုဏ်ပြု ပန်းခွေချ၊ အိန္ဒိယကြည်းတပ်ဦးစီးချုပ်၊ အိန္ဒိယရေတပ်၊ ဒုတိယရေတပ်ဦးစီးချုပ်၊ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့နှင့် သီးခြားစီShow moreတွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ - ၂၀

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်တွင် India Gate သို့ရောက်ရှိရာ အိန္ဒိယကြည်းတပ်မှ Additional Director General of Ceremonial & Welfare ဖြစ်သူ Major General RP Kalita, SM, VSM နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သူရဲကောင်းဗိမာန် Amar Jawan Jyoti ၌ ဂုဏ်ပြု ပန်းခွေချအလေးပြုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန South Block Lawns သို့ ရောက်ရှိရာ General Officer Commanding of Delhi Area ဖြစ်သူ Lieutenant General Asit Mistry AVSM, SM, VSM နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန် Read ကိုနှိပ်ပါ။ (Zawgyi and Unicode)
http://cincds.gov.mm/node/431
4 people reacted
46 views