32 posts

လောပန်းလောင်းတို့ပျော်ရာမြေ
2 people reacted
220 views
လောပန်းလောင်းတို့ပျော်ရာမြေ
1 person reacted
194 views
ဂျင်းတကာ့ဂျင်းထဲမှာအစပ်ဆုံး ဂျင်း 😜

MPT ဂျင်းထည့်ပြီShow more

၁။ မူရင်းဘေပျောက်ပြီး ဘောနပ်စ်ပုံစံနဲ့ ၅ ဆပေးတယ်။
၂။ အင်တာနက် 1MB ငါးကျပ်ပေးရမယ်။
၃။ မူရင်းဘေလ်နဲ့ Data Carry 1GB ကိုဝယ်ရင် 999 ကျပ်ပဲ ကျတယ်။
၎။ အခုဟာက 1MB ၅ကျပ်နှုန်းနဲ့ ဘောနပ် ၅ထောင် ဘာညာဆိုတော့ ဘာမှမထူးတဲ့အပြင် ၇ရက် အတွင်း ကုန်အောင်သုံးရမှာ မကုန်ရင်လစ်ပြီ။😁
၅။ ဖုန်းပြောလည်း Voice Park ဝယ်ပြောရင် မိနစ် 270 ကို 1700ပဲကျတယ်။
၆။ ထောဘီဘေလ်အစီစဉ်ကရတဲ့ ဘေလ်က တစ်မိနစ် ၂၅ ကျပ်ဖြတ်တယ် ဘာထူးလဲ ။
၇။ ကိုယ့်မူရင်းရှိတဲ့ဘေလ်က ကိုယ်ကြိုက်တာလုပ်လို့ရသေးတယ် ကိုယ်မသုံးရင် လအများကြီးထားလို့ရတယ်။
ခေါင်းသုံးပြီး ဝယ်ကြပေါ့လေ😁😁

#အတိုချုပ်ထပ်ရှင်းအံ့

ဂျင်းချက်က 9+ ဗျာ😁😁
1MB ကို ၅ ကျပ်ဗျာ😁
၅ထောင် ဖို့ 1000 mb လေ
၇ရက် သက်တမ်း။

ပုံမှန် 1GB(1024GB) ကိုမှ 999ကျပ်
၁ လ သက်တမ်းရမယ်။

ဂျင်းမဟုတ်ရင် ဘာကြီးလဲ??😁😁
ပေါ်တင်ကြီး ဂျင်းထည့်တယ်လို့ခေါ်တယ်.. 😁😁

Crd -

စစ် အောင်
0 people reacted
166 views
အီဂျစ်နိုင်ငံတကာစီးရီးကြက်တောင်တစ်ဦးချင်းပြိုင်ပွဲ မြန်မာနိုင်ငံမှ သက်ထားသူဇာ ချန်ပီယံဆု ဆွတ်ခူး
Tuesday,October 30,2018 Show more

အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တစ်ဦးချင်းဖိုင်နယ်ပွဲစဉ်တွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

လွဲချော်ခဲ့

အဆိုပါပြိုင်ပွဲအား အောက်တိုဘာ ၂၅ရက် မှ ၂၈ရက်အထိကျင်းပခဲ့ပြီး သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းဆီမီးဖိုင်နယ်တွင် ကမ္ဘာ့ထိပ်သီးမလေးရှားကြက်တောင်မယ်ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီ ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည်။

ဖိုင်နယ်ပွဲစဉ်တွင် ဘီလာရုစ်မှအားကစားမယ်နှင့် ယှဉ်ပြိုင်ရန်ရှိနေသော်လည်း အဆိုပါအားကစားမယ်မှာ အောက်တိုဘာ ၂၇ရက်ကယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် အောက်တိုဘာ ၂၈ရက်တွင် ကစားမည့် အမျိုးသမီးတစ်ဦးချင်းဖိုင်နယ်ပွဲစဉ်အား လွဲချော်ခဲ့သည်။

ထို့ကြောင့် ဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်ဘက်မရှိသဖြင့် မြန်မာအားကစားမယ် သက်ထားသူဇာမှာ ချန်ပီယံဆုအား ဆွတ်ခူးရရှိခဲ့သည်။

ပူးတွဲရရှိ

ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ရက်တွင် ကျင်းပခဲ့ရာ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ပထမဆုကို မြန်မာနိုင်ငံမှ သက်ထားသဇင်ကရရှိခဲ့ပြီး ဒုတိယဆုကို ဘီလာရုစ်၊ တတိယဆုကို မလေးရှားနှင့် ဆွတ်ဇာလန်နိုင်ငံတို့မှ ပူးတွဲရရှိခဲ့သည်။

Myanmar Time
1 person reacted
149 views
ဗိုလ်မှုးတွေဗိုလ်ကြီးတွေ နောင်သမီးမိန်းကလေးမွေးမှာတောင်ကြောက်လောက်တယ်
``အကောင်းကြိုက်လွန်းတဲ့သေမင်းကြောင့် ကြွေလွင့်သွားတဲ့ခုနှစ်စင်ကြယ်´´

(ကြယ်ကြွေညတွေ ကုန်ဆုံးပါစေ)

၁။ ဗိုလ်ကြီး နေမျိုးအောင် (DSA-31, PC-7 ပျက်ကျ)
၂။ ဗိုလ်ကြီး နေမင်းအောင်(OTC-20,S-2ခရီးစဉ်ပျက်ကျ၊၂၀၀၁/ဖေ)
၃။ ဗိုလ်ကြီး နေလင်းအောင် (DSA-35, မလေးရှားတွင်ပျက်ကျ)
၎။ ဒုမှူးကြီး ထိန်လင်းအောင်(OTC-22, ရုရှားတွင်ပျက်ကျ၊ ၂၀၁၁/မတ်)
၅။ ဗိုလ်မှူး ဇော်ထွန်းအောင်(OTC-22, ရုရှားတွင်ပျက်ကျ၊ ၂၀၁၁/မတ်)
၆။ ဗိုလ်မှူး အောင်မြတ်တိုး (DSA-35, ပူတာအိုပျက်ကျ၊ ၂၀၁၄)
၇။ ဗိုလ်မှူး အောင်ကျော်မိုး (DSA-42, နေပြည်တော်၊၂၀၁၆/ဖေ)

* အားလုံးတူညီသောအချက်များမှာ ၀ါရင့်လေသူရဲများဖြစ်ခြင်း၊ နာမ်
မည်များမှာလည်း ဆင်နေကြခြင်း၊ အနေအထိုင်အေးခြင်း၊ ကျဆုံး ချိန်များတွင်လည်း ရွက်ဟောင်းကြွေသည့် အချိန်လေးများတွင်ဖြစ်
တတ်ခြင်း၊ ၄င်းတို့ ကျဆုံးသွားချိန်တွင် အရွယ်များသည် အသက်
၄၀ထက်မကျော်လွန်ခြင်း၊ အများအားဖြင့် ကျဆုံးချိန်တွင် တစ်ဦး
တည်းသော သမီးငယ်လေးတစ်ယောက်စီကျန်ရစ်ခဲ့ခြင်း၊ စသည်
တို့ တူညီမှုရှိကြလေသည်။

* ထူးခြားသောအချက်မှာ နံပါတ်စဉ်(၁)(၂)(၃)ဖြစ်သော ဗိုလ်ကြီး
နေမျိုးအောင်၊ ဗိုလ်ကြီးနေမင်းအောင်နှင့် ဗိုလ်ကြီးနေလင်းအောင်
တို့သုံးဦးမှာ ညီအကိုအရင်းများဖြစ်ကြပြီး၊ ကွဲပြားသောလေယာဉ်
အမျိုးအစားများဖြင့် ကွဲပြားသောနှစ်များတွင် တစ်ယောက်ပြီး၊တစ်
ယောက် လေယာဉ်ပျက်ကျသွားသော ညီအကိုအရင်းပင်ဖြစ်ကြ
သည်မှာ စိတ်မကောင်းစရာပင်ဖြစ်လေသည်။ ၄င်းတို့၏မိခင်ကြီး
သည် ခင်ပွန်းသည်သေဆုံးသွားပြီး မုဆိုးမတစ်ဦးပင်ဖြစ်သော်
ငြားလည်း မိမိ၏ သားသုံးယောက်စလုံးအား လေသူရဲများ
ဖြစ်အောင်ပြုစုပျိုးထောင်ခဲ့လေသည်။ သို့ပါသော်လည်း ကံ
တရားရဲ့ရက်စက်ကြမ်းကြုတ်မှုကြောင့် သမင်မွေးရင်း ကျားစား
ဆိုသလို အကြီးဆုံးသားမှာ ပီစီ-၇ လေယာဉ်ဖြင့်၎င်း၊ အငယ်ဆုံး
သား ဗိုလ်ကြီး နေမင်းအောင်မှာ MI-17, ဗိုလ်ချုပ်ကြီးတင်ဦး ခရီး
စဉ်တွင်၎င်း ပျက်ကျသေဆုံးခဲ့ရလေသည်။ မိခင်ကြီးသည်လည်း
ယူကျုံးမရဖြစ်ကာ ကျန်သော သားလတ်ဖြစ်သူ ဗိုလ်ကြီးနေလင်း
အောင်အား တပ်မတော်မှအနားယူခွင့်အား အကြီးအကဲများထံ
တင်ပြတောင်းဆိုသောကြောင့် အကြီးအကဲများကကိုယ်ချင်းစာ
ကာ နယ်ဘက်စည်ပင်သို့ပြောင်းရွေ့ပေးခဲ့လေသည်။ ကျွန်တော်
နှင့် ဗိုလ်ကြီးနေလင်းအောင်သည် လေယာဉ်မောင်းသင်ကျောင်း
တွင်လည်း လုပ်ဖော်ကိုင်ဖက်ဖြစ်ကာအလွန်ရင်းနှီးခဲ့လေသည်။
သူနယ်ဘက်ပြောင်းသွားတော့လည်း တွေ့ဖြစ်ကြသည်။ သို့ပါ
သော်လည်း လေယာဉ်မောင်းဝါသနာပါသော ဗီဇများပါလာ
ကြလို့လားမသိ၊ နယ်စပ်စည်ပင်မှ ထွက်ကာ မလေးရှားသို့
လေယာဉ်မောင်းရန်ထွက်ခွာသွားလေသည်။ မလေးရှားတွင်
လေယာဉ်မောင်းစဉ် လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့လေ
သည်။ သူ့အရိုးပြာအိုးလေးကို မြန်မာပြည်သယ်လာတော့ ကျွန်
တော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တပ်ခွဲမှူး(တပ်
ထဲက အနားမယူသေး)တာဝန်ယူစဉ်ကြုံလိုက်ရလို့ လက်တင်
အလေးပြုလိုက်ပါသေးတယ်။ ခန့်မှန်း ၂၀၁၀ခုနှစ်လောက်များ
ဖြစ်လေမလားပဲ။ မိခင်ကြီးကို ကြည့်ပြီး သနားဖို့ကောင်းလိုက်
တာဗျာ။

* နံပါတ်(၄)နှင့်(၅)ဖြစ်သော ဒုမှူးကြီး ထိန်လင်းအောင်နှင့် မှူး
ဇော်ထွန်းအောင်တို့သည် ကျွန်တော်နှင့် အရင်းနှီးဆုံးမိတ်ဆွေ
များဖြစ်လေသည်။ သူတို့နှစ်ဦးသည် ရုရှားနိုင်ငံတွင် AN 148
အကြီးစားသယ်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးအား လေ့
ကျင့်ပျံသန်းစဉ် ရော်ရွက်များလွင့်ကြွေချိန်ဖြစ်သည့် ၂၀၁၁ခုနှစ်
မတ်လ(၅)ရက်နေ့တွင် လေယာဉ်ပျက်ကျကာ တိုင်းပြည်အတွက်
အသက်ပေးဆပ်ခဲ့လေသည်။ ဗိုလ်သင်တန်း၊ လေယာဉ်မောင်း
သင်တန်း၊ လေယာဉ်လွှဲပြောင်းသင်တန်း၊ အခြားသင်တန်းများ၊
အတူတူဖြစ်သည့်အပြင် ကျဆုံးသည့်အချိန်တွင်လည်း တစ်ချိန်
တည်းနှင့် လေယာဉ်အတူဖြစ်နေခြင်း၊ ကျဆုံးချိန်တွင်လည်း သ
မီးလေးတစ်ယောက်စီကျန်နေခြင်း၊ သမီးနှင့်အဖေအသည်းတုန်
အောင်ချစ်နေကြတာတူနေခြင်းစသည်တို့တူနေပါသည်။ ဗိုလ်
ထိန်(ချစ်စနိုးအခေါ်)သည် အလွန်အေးပြီး အမြဲမျက်နှာချိုသည်။
ဗိုလ်ဇော်ကတော့ အေးသော်ငြားလည်း ကိုယ်ကစလျှင် ပြန်ဖြေ
တတ်တယ်။ စရိုက်ခြင်းကတူကြတယ်လေ။ လေယာဉ်မောင်း
သင်ကျောင်းများနှင့် အခြားတပ်များတွင် အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သောလုပ်ဖော်ကိုင်ဖက်များဖြစ်သည်၊ ကျွန်တော်
နောက်ဆုံး ဆုံတွေ့ခဲ့တာလေးကတော့ ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာ
၃၁ရက် New Year နှုတ်ဆက်တဲ့ပွဲလေ။ အဲဒိညက ကျွန်
တော်သီချင်းဆိုတော့ အားလုံးက အတင်းကခိုင်းလို့ အလိုက်
သင့်ကနေကြတဲ့ သူတို့နှစ်ယောက်ပုံစံလေးက တောင်ကြီး
မောက်မယ်ကျာ်ငြာထဲကလို မျက်စေ့ထဲက မထွက်ပါဘူးဗျာ။
၂၀၁၁ခုနှစ် မတ်လ(၅)ရက်နေ့မှာ ရုရှားမှာ နှစ်ယောက်စလုံး
လေယာဉ်ပျက်ကျပြီး ကျဆုံးတယ်ကြားလိုက်တော့ မိသားစု
နှင့် တော်တော်လေး ၀မ်းနည်းမျက်ရည်ကျခဲ့ရတယ်လေ။
အဲဒီနှစ် ၂၀၁၁ခုနှစ်ဇွန်လ(၇)ရက်နေ့မှာပဲ ကျွန်တော်လည်း
တပ်မတော်(လေ)ကနေ ပို့ဆောင်ရေးပြောင်းခဲ့ရတယ်လေ။

* နံပါတ်(၆)ဖြစ်သော ဗိုလ်မှူး အောင်မြတ်တိုးသည်လည်း ကျွန်
တော်နှင့် ရင်းနှီးခဲ့သော လုပ်ဖော်ကိုင်ဖက်ဖြစ်လေသည်။ သူက
ပို့ဆောင်ရေးပြောင်းပြီး လေယာဉ်ပြန်မောင်းခြင်ပေမဲ့ လေ
ကြောင်းရဲဘက်ကို ရဲမှူးနှင့်ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့
ရသောကြောင့် ကျွန်တော်နှင့် ရန်ကုန်လေဆိပ်မှာ အမြဲတွေ့
ဖြစ်တယ်။ လေသူရဲတစ်ဦးဖြစ်တာနှင့်အညီ လေယာဉ်မောင်း
ရတဲ့အလုပ်က လွဲလို့ ကျန်တဲ့အလုပ်ကို စိတ်မ၀င်စားဘူးဆိုတဲ့
အကြောင်း ကျွန်တော့်ရုံးခန်းလာတိုင်း ကော်ဖီသောက်ကြရင်း
ပြောပြတယ်လေ။ သူ့ရည်မှန်းချက်အတိုင်း Air Myanmar
Service မှာ လေယာဉ်မှူးဖြစ်သွားတယ်လေ။ ပူတာအိုမှာ
ပျောက်ဆုံးနေတဲ့တောင်တက်သမားတွေကို B-4 လေယာဉ်
ဖြင့်ရှာဖွေစဉ်မှာ လေယာဉ်ပျက်ကျကာ သေဆုံးခဲ့ရတယ်။

* နံပါတ်(၇)ဖြစ်သော ဗိုလ်မှူး အောင်ကျော်မိုးကတော့ နောက်
ဆုံးဆုံတွေ့ ရင်းနှီးခဲ့တဲ့ ကြယ်စင်တစ်လုံးပေါ့။ သူကတော့
နမ့်စန်မှာ အတူနေခဲ့ရတယ်။ သူမိန်းမတောင်းတော့ ကျွန်
တော်လိုက်သွားရသေးတယ်။ အမြဲတမ်းပြုံးနေပြီး အေးဆေး
စွာနေတတ်တယ်လေ။ နေပြည်တော်မှာ BEECH ပျံသန်းစဉ်
မနေ့ကပဲ ကျဆုံးသွားတာမို့ အထူးပြောပြစရာမလိုတော့ပါ
ဘူးလေ။ ကျဆုံးသွားချိန်မှာ ဒုမှူးကြီး ထိန်လင်းအောင်နှင့်
ဗိုလ်မှူး ဇော်ထွန်းအောင်တို့လိုပဲ ချစ်စရာသမီးလေးတစ်ဦး
နှင့် ဇနီးကျန်ရစ်ခဲ့တယ်လေ။

*** ဖေါ်ပြပါ ထွန်းလင်းတောက်ပတဲ့ တပ်မတော်(လေ)ရဲ့
ကြယ်စင်ခုနှစ်စင်းတို့သည် ပန်းလေးတစ်ပွင့်လို ဖူး၊ ပွင့်၊
နွမ်း၊ ကြွေ( ဖူးတာက ဇာတိ၊ ပွင့်တာက ဇရာ၊ နွမ်းတာက
ဗျာတိ၊ ကြွေတာက မရဏ)လို အဆင့်လိုက် မဟုတ်ပဲ၊
နွမ်းဆိုတဲ့ ဗ&am
0 people reacted
136 views