2 posts

ဘာရည်​ရွယ်​ချက်​နဲ့ သိမ်းထားမှာလဲ

တစ်​စုံတစ်​​ယောက်​က မင်းအတွက်​အမှိုက်​​တွေ​ပေးတဲ့အခါမှာသူ​ပေးခဲ့တဲ့ အမှတ်​တရ အမှိုက်​​လေး​တွေဆိုပြီး သိမ်းထား​လေ့ရှိပါသလား ...
သေချာပါတယ်​ မသိမ်းထားဘူး သူကို ဆဲဆိုပြီး ချက်​ချင်း ပြန်​လွှင့်​ပစ်​မယ်​ ဒါမှမဟုတ်​ တ​နေရာရာမှာ သွား စွန့်​ပစ်​လိုက်​မှာ အ​သေအချာပါပဲ
အဲလိုပဲ
တစ်​စုံတစ်​​ယောက်​က မင်းအတွက်​ စိတ်​အ​နှောင့်​အယှက်​ဖြစ်​စရာ​တွေ စိတ်​ဒုက္ခ​တွေကို ​ပေးလာပြီဆို မင်းဘာလုပ်​မှာလဲ သိမ်းထားမှာလား..အမှိုက်​​တွေနဲ့အတူတူပါပဲ ဒါ​တွေက စိတ်​အတွက်​ အမှိုက်​​တွေပါ
ချက်​ချင်း လွှင့်​ပစ်​လိုက်​ သလို ​မေ့ပစ်​လိုက်​စမ်းပါ အမှိုက်​​တွေစွန့်​ပစ်​သလို မလွယ်​ကူတာ​တော့ ​သေချာတယ်​ ဒါ​ပေမယ့်​ကြိုးစားကြည့်​စမ်းပါ
အဲလို စိတ်​​သောက​တွေကို သိမ်းထားလို့ မင်းအတွက်​ ဘာအကျိုးရှိမှာလဲ ​တွေးမိတိုင်း ​ဒေါသထွက်​ရတာ စိတ်​ညစ်​ရတာပဲရှိမယ်​..
သေချာတယ်​ မင်းပတ်​ဝန်းကျင်​က​တော့ မင်းအတွက်​ စိတ်​အမှိုက်​​တွေ​ပေး​နေဦးမှာပဲ မင်း လုပ်​ရမှာက သိမ်းမထားဘဲ ချက်​ချင်း စွန့်​ပစ်​လိုက်​ဖို့ပဲ ကြိုးစားကြည့်​ပါ ..
အဆင်​​ပြေပါ​စေ သူငယ်​ချင်း fighting..💪
0 people reacted
25 views
2 Sep 2018photo updated
1 person reacted
12 views