ဘုရားသခင်မရှိကြောင်း ကမ္ဘာ့ပညာရှိများပြောကြား
.....................................................
Show more
ဘုရားသခင်ရှိကြောင်းသက်သေပြနိုင်လျှင်
ရာထူးက နုတ်ထွက်ပေးမည်ဟု
ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ဝေဖန်မှုအပေါ်
ခရစ်ယာန်ဘာသာဝင်တို့က ဒေါမနဿဖြစ်မည်မှာ
မြေကြီးလက်ခတ်မလွဲပေ၊ ဒူတာတေးက ခရစ်ယာန်ဘာသာဟာ လက်တွေ့အကျင့်မရှိပဲ စိတ်ကူးယဉ်
ဆန်နေတယ်ဆိုတာကို ပြောချင်ပုံရပါတယ်၊
ဒူတာတေးမှ ပြောတာမဟုတ်သေးပါဘူး
ရှေးပညာရှိတွေ အတွေးခေါ်ရှင်တွေလည်း ဘုရားသခင်
မရှိကြောင်းကို ပြောခဲ့ပြီးပါပြီ၊
၁၂ ရာစု လောက်က စပိန်နိုင်ငံမွတ်ဆလင်
ပညာရှိတစ်ဦးကဘုရားသခင်မရှိကြောင်းငြင်းဆိုခဲ့လို့ ကလစ်ဖ်(သမ္မ)နန်းတော်မှ နှင်ထုတ်ခံခဲ့ရဖူးတယ်၊
၁၄၃၇- ၁၅၄၃ ခုနှစ် ခရစ်ယာန်ကျောင်းမှာ ကမ္ဘာကြီးကို
နေနှင့်အခြားဂြိုလ်များက လှည့်ပတ်နေသည်ဟုသင်ကြား
ခြင်းကို၊ကိုးပါးနီးကပ်က ကမ္ဘာကသာ နေကို
လှည့်ပတ်ကြောင်းပြောပြီး ၎င်းကျောင်းကိုဆန့်ကျင်ခဲ့လို့
ခရစ်ယာန်တွေရဲ့ ၀ိုင်းပယ်ခြင်းကိုခံခဲ့ရဖူးတယ်၊
စပင်နိုဇာက အရာအားလုံး၏အခြေခံတရားက
ရုပ်သာဖြစ်၍ ဖန်ဆင်းရှင်က ဖန်ဆင်းတာမဟုတ်ကြောင်း
ငြင်းဆိုလို့ ဂျူးနှင့်ခရစ်ယာန်တို့ရဲ့ ပယ်ခြင်းကိုခံခဲ့ရဖူးတယ်
အင်္ဂလန်နိုင်ငံသား ဂျွန်လော့က ခရစ်ယာန်ဘာသာကို
မနှစ်သက်ဘူးတဲ့၊
စကော့တလန်နိုင်ငံမှ ဒေးဗစ်ဟယွမ်းကလည်း
ဘုရားသခင်ကို အာရုံအားဖြင့်မသိနိုင်ဘူးတဲ့
ပြင်သစ်နိုင်ငံက ဟိုးလ်ဘက်ခ်ျက ကမ္ဘာသည်အလို
အလျောက်ရွေ့လျားနေတာဆိုပြီး ဖန်ဆင်းရှင်ဝါဒကို
ငြင်းဆိုခဲ့တယ်၊
အင်္ဂလန်နိုင်ငံသား ချားဒါဝင်က တစ်စစဖြစ်ပေါ်မှု သဘော
တရားကိုတင်ပြပြီး ဖန်ရှင်ဝါဒကို ငြင်းဆိုခဲ့ပြန်တယ်၊
အိုင်စတိုင်းက ဘုရားသခင်သည် လူအား
အပြစ်ဒဏ်နှင့်ဆုလာဒ်ပေးခြင်းမှာ သူ့ကိုယ်သူ
အားပေးရာရောက်နေတယ်ဆိုပြီး
လှောင်ပြောင်ခြင်းသဘောနဲ့ငြင်းပယ်ခဲ့တယ်၊
လယ်တီဆရာတော်နှင့် မဟာစည်ဆရာတော်တို့က
ဘုရားသခင်ဟာ အဘယ်ကြောင့် ဆင်းရဲ ချမ်းသာနဲ့
ကလေးတွေကို စောစောဆီးဆီး သေအောင်ဖန်ဆင်း
ခဲ့တာလဲဆိုပြီး အမေးနဲ့ရှုံ့ချခဲ့ဖူးတယ်၊
ဘာထရန်ရပ်ဆယ် က ကျွန်ုပ်တို့ဘာကြောင့်ခရစ်ယာန်
မဖြစ်သနည်း ဆိုပြီးစာအုပ်ထုတ်ဝေခဲ့ဖူးတယ်
ဝီလျံက ပရမတ္ထ၀ါဒက ပြောင်းလဲမှုမရှိသော်လည်း
ပညတ္ထ၀ါဒမှာ ပြောင်လဲခြင်းရှိတယ်ဆိုပြီး
ဖန်ဆင်းရှင်ဝါဒကို ငြင်းဆိုခဲ့ဖူးတယ်။
အဆိုပါ ပြောခဲ့သော စကားတွေအရဆိုရင်
ဘုရားသခင်ဆိုတာထက် ဖန်ဆင်းရှင်ဟုဆိုလျှင်
ခရစ်ယာန်ဘာသာ သာမဟုတ်ပဲ ဟိန္ဒူ နှင့်
အစ္စလာမ်ဘာသာတို့က လည်း ဖန်ဆင်းရှင်ဝါဒကို
လက်ခံကြတာဖြစ်သောကြောင့်
ထိုဘာသာတွေဟာ စိတ်ကူးယဉ်ဆန်ပြီး
လက်တွေ့မကျတဲ့ လူပြိန်းကြိုက်ဘာသာ ဟု
သုံးသပ်နိုင်ပါတယ်၊
စစ်မှန်တဲ့ဘာသာ မဟုတ်တာကြောင့်
စစ်မှန်တဲ့တရားကို မရရှိနိုင်သလို
စစ်မှန်တဲ့အကျင့်သီလကိုလည်း မကျင့်သုံးနိုင်ကြပေ
ဒါဆိုကမ္ဘာမှာ ဘာကြောင့်ခရစ်ယာန်တို့
အစ္စလာမ်တို့ဘာသာဦးရေများပြားနေကြသလဲဆိုရင်
ဦးရေများပြားတိုင်းလည်း ဘာသာကစစ်မှန်ရောလား
ဒါဆို တိရစ္ဆာန်နှင့် လူ ဘယ်သူက ပိုများသလဲ၊
ဥပတိဿနဲ့ကောလိတနှစ်ဦးကို သဉ္စည်းဆရာကြီး က
လူလိမ္မာတွေက ဂေါတဆီသွားပြီ လူမိုက်တွေကငါ့ဆီ
လာလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်၊
ဘာသာတစ်ခုကို အလွယ်နည်းနဲ့မယုံကြည်ကြဖို့
ကာလမသုတ္တန်မှာ ကာလမသတိုးသားကို
မြတ်ဗုဒ္ဓဆုံးမခဲ့ဖူးတယ်၊
ဒါကြောင့်မို့ အနောက်တိုင်းကပညာရှင်အချို့တို့မှာ
ဖန်ဆင်းရှင်ဆိုတဲ့ ညံ့ဖျင်းတဲ့ခေါင်းစဉ်လှလှအောက်မှာ
လောကီ လူ့ဘောင်ဟာ မအေးချမ်းမှန်းနားလည်
လာကြပြီမို့ ဗုဒ္ဓဟောခဲ့တဲ့ သစ္စာလေးပါးတရားကို
ရှာဖွေနေကြပြီ မဂ္ဂင်ရှစ်ပါးတရားတို့နဲ့ ထိတွေ့ဖို့
ကြိုးစားနေကြပြီ၊
အဲလိုနဲ့ ဖန်ဆင်းရှင်ဝါဒဟာ အဓိပ္ပါယ်မဲ့ကြောင်း
တစ်နေ့ လူတွေသဘောပေါက်နားလည်သွားကြရင်
ရေစုန်ကို လှေကြုံနဲ့မလိုက်ကြတော့ပဲ
စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ
ဖြစ်လာကြလိမ့်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။
ဟိတလုလင်(ဓညဝတီ)