၈၈အရေးအခင်း ဖြစ်ဖို့ စွန့်ဦးတီထွှင် စတင်ခဲ့တဲ့ ဦးအောင်ကြီးကို ကွန်မြူနစ်တွေက တစ်ချက်ထဲနဲ့ နိုင်ငံရေးအလဲထိုး လိုက်တာ သင်ခန်းစာယူကြဖို့ ကောင်းတယ်။
ဦးအောင်ကြီးက"ပြည်သူလူထုက တပ်မတော်ကိုစိတ်နဲ့တောင်မပစ်မှားပါနဲ့။တပ်မတော်ကလည်းပြည်သူလူထု ကို စိတ်နဲ့တောင်မပစ်မှားပါနဲ့" လို့ ပြောတာကို ရှေ့က အပိုဒ်ပဲယူပြီး ဝါဒဖြန့်လိုက်တော့ ဦးအောင်ကြီး တစ်ချက်ထဲနဲ့ နိုင်ငံရေးသေတာပဲ။
အခုလည်းခြေဥပြင်ဆင်ရေးကော်မီတီဖွဲ့တာ ဥပဒေနဲ့ မညီဘူးလို့ ကန့်ကွက်တာကိုအခြေခံဥပဒေပြင်ဆင်ရေးမလိုလားသူ၊ပြည်သူ့ဆန္ဒဆန့်ကျင်သူတွေပုံဖော်ဝါဒ ဖြန့်လာတာ ကို ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ဝါဒမဖြန့်နိုင်ရင် တပ်မတော်ရော ပြည်ခိုင်ဖြိုးပါ နိုင်ငံရေး နလံမထူနိုင် ဖြစ်သွားနိုင်တယ် ။
ဘာပဲလုပ်လုပ် ၇၅%ကျော်မှ ပြင်လို့ရမှာကို အပိုတွေ လျှောက်လုပ်နေတယ်လို့ သုံးသပ် နေရင်တော့ ခံရလိမ့်မယ်။လုပ်နေတဲ့ရည်ရွယ်ချက်က ခြေဥပြင်ဖို့အကြောင်းပြပြီး ဦးအောင်ကြီးကိုသတ်သလို နိုင်ငံရေးအရ သတ်နေတယ် ဆိုတာကို မြင်အောင်ကြည့်ဖို့ လိုတယ်။

( ဇန်န၀ါရီ - ၀၅၊ ၂၀၁၉ ) By; Htay Oung
ယမန်နေ့ လွတ်လပ်ရေးနေ့တွင် ရခိုင်မြောက်ဖျားပိုင်း ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်Show more