54 posts

Five Civilians Died in Heavy Weapon Explosion
March 22, 2019
7:30 AmShow more

Burma Army randomly shotgunned in Buthidaung township Arakan State, Myanmar from March 21, 10:00pm to 22, 2019 7:30am. Sometimes, Burma soldiers used the heavy weapon in the shooting. The heavy weapon exploded, injuring a lot of people in the explosion, and five villagers died.
Those people who died in Burma attack:
1. U Maung Aye Htun - age 50
2. Daw Than Nhun - age 49 and her 6-year-old son
3. Daw Ma Kyaw Sein
4. U Maung Ba Hnuin
1 person reacted
47 views
(ယုံကြည်ချက်)
မောင်းပြန်သေနပ် ရင်မှာအပ်၍
ထူထပ်တောင်းတန်း စစ်မြေလမ်းမှာShow more
ကြမ်းတမ်းခက်ခဲ့ သေနပ်ဆွဲ၍
တိုက်ပွဲရာထောင် ဆင်နွဲ့မည်

ငါ၏သေနပ် ငါစိတ်ဓါတ်နှင့်
မပြတ်တူညီ မာကြောသည်တည်း

သမိုင်းတာဝန် ငါကျေပွန်ဖို့
လခြမ်းအဝှမ်း သာငြိမ်းချမ်းရန်
ဆက်လက်ခရီးနှင်းအုံးမည်
မာရယု

ဒေကဗျာကိုဖတ်မိလို့ အဝီးရောက်ရခိုင်သားတိကို
လေးစားမိပါသည်
အားလုံးကျမ်းမာ ချမ်းသာကတ်ပါဇီ


#ARAKAN ARMY {AA}
ထာဝရ​အေ​အေ ​အောင်​မြင်​ပါ​စေ
8 people reacted
140 views
ဘယ်နိုင်ငံမှ ကိုယ့်အတွက် မပါရင် ဘယ်သူ့ 
ကိုမှ ယောက်ဖမတော် ကြက်ဥမကျွေး
ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ဘယ်လိုShow more
အမြတ်ထုတ်ရမလဲ ဆိုတာချည်းပါဘဲ
အယုံလွယ်တဲ့ ဗိုလ်ရာဇာ အဖြစ်ကို လုံးဝ
မမေ့သင့် သင်္ခန်းစာယူ
အထူးသဖြင့် အနောက်ဖက်က အလွန်ကောက်
ကျစ် ဥာဏ်နီဥာဏ်နက်များတဲ့ လူမျိုးတွေကို
လုံးဝ သတိမလစ်သင့်
မိမိ တို့  အသက်တမျှချစ်တဲ့ မိမိမြေ မိမိရေ ကို
မျိုးချစ်သီချင်းဆို ချစ်ပြရုံနဲ့မပြီး
မိမိတို့ လက်ထက်မှာ တသက်လုံး ဘဝတွေရင်းပြီး
အနောက်တခါးကိုကာကွယ်လာတဲ့ ဒေသခံ
ရခိုင်နဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ လူမျိုးခြား
အုပ်ချုပ်ခံမဖြစ်ဖို့ 
ကိုယ့်ပိုင်နက် တလက်မမျှ ဆုံးရှုံးခံလို့  လုံးဝ
မဖြစ်ပါ
1 person reacted
29 views
၂၀၁၉ ခုနှစ်၊ မတ်လ(၁၁ ရက် နှင့် ၁၂) ရက်တိုက်ပွဲသတင်းများ
Original Links:
ARAKAN ARMY - https://bit.ly/2HgyCvYShow more
ULA TODAY - https://bit.ly/2VZSqqL
 
၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက်နေ့၌ ပလက်ဝမြို့နယ်၊ “ပြန်ဆိုရွာ” တောင်ဖက်(၅.၅) ကီလိုမီတာအနီးတွင် ဗမာလက်နက်ကိုင်တပ်ဖွဲ့မှယာယီအခြေပြုထားသောဗျူဟာကုန်းတစ်ခုအားမိမိတို့သိမ်းပိုက်ရရှိခဲ့သည်။ ၎င်းဗျူဟာတွင် ခမရ-၅၃၈ (ရသေ့တောင်)၊ ခမရ-၅၄၂(ကျောက်ဖြူ) ၊ခမရ-၅၆၂ (ဂွ) နှင့် ခမရ-၅၆၃ (ဂွ) တို့ပါဝင်သည်။
 
မိမိတို့တိုက်ခိုက်သိမ်းပိုက်ခဲ့သောဗျူဟာကုန်းအနီးတွင် ရန်သူများသည် နေရာအနှံ့ပြန့်ကြဲလျှက်ရှိနေဆဲဖြစ် သည်။ ထို့ကြောင့် မတ်လ(၁၁) ရက်နေ့၊ နေ့လည်(၁) နာရီခန့်တွင် ကစဥ့်ကလျားထွက်ပြေးနေသော ရန်သူများအား ရှင်းလင်းရေးလုပ်နေသောမိမိတို့လှုပ်ရှားစစ်ကြောင်းနှင့်ဗမာလက်နက်ကိုင်တပ်ဖွဲ့အချို့သည်ထိတွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရန်သူ့ဖက်မှ (၁) ဦးထပ်မံကျဆုံးခဲ့ပြီး အချို့သည်ဦးတည်ရာမဲ့ထွက်ပြေးသွားကြသည်။ ရန်သူ့လက်နက်ငယ်ကျည်အချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့တို့ထပ်မံသိမ်းဆည်းရမိခဲ့ပြီးဆုတ်ခွာ ထွက်ပြေးနေသည့်ရန်သူများနောက်ကိုလိုက်လံရှာဖွေလျှက်ရှိသည်။
 
၂၀၁၉ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ “မြတ်လှဲရွာ”အနောက်ဖက် (၂) ကီလိုမီတာအကွာ အဝေးရှိတောင်တန်းပေါ်တွင် ဗမာလက်နက်ကိုင်တပ်၏တပ်မ(၂၂) လက်အောက်ခံတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်မှုမတိုင်မီ လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ် တိုက်ခိုက်နေခဲ့ပြီး နံနက် (၁၁) နာရီတွင် ရန်သူသည်ထိုးစစ်ကိုစတင်ခဲ့သည်။ ယနေ့ထိုးစစ်အစတွင် ရန်သူ့ဖက် မှ အရာရှိတစ်ဦးအပါအဝင် (၅) ဦးခန့်ကျဆုံးပြီးတပ်လန်သွားခဲ့သည်။
 
ထို့အတူ နေ့လည် (၁) နာရီခန့်တွင် ဗမာလက်နက်ကိုင်တပ်၏တပ်မ(၂၂) သည် တောင်ဖက်မှထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ယခုတစ်ကြိမ်တွင်လည်း တပ်မ(၂၂) သည်ဒုတိယအကြိမ်တပ်လန်သွားပြီး နောက်ထပ်(၅) ဦးခန့်ထပ်မံကျဆုံးခဲ့ပြီးထိုးစစ်အားထပ်မံမပြုလုပ်ခဲ့သော်လည်း လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့အပြင် ရဟတ်ယာဉ်(၂)စီးပေါ်မှ ရော့ကတ်များ၊ စက်သေနတ်များဖြင့် စုစုပေါင်း ကြာမြင့်ချိန် တစ်နာရီကျော်သည်အထိလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 
ရဟတ်ယာဉ်ပေါ်မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ညနေ(၅) နာရီ (၁၅) မိနစ်အချိန်တွင် “ဗုဒ္ဓေါရွာ”အတွင်းရှိလူနေအိမ်များကိုထိမှန်ခဲ့သည်။ ၎င်းတို့အထဲတွင် ဦးလှထွန်းစိန်- ဒေါ်လှသန်းစိန်တို့၏ နေအိမ် သည်လည်း တစ်အိမ်အပါအဝင်ဖြစ်သည်။အိမ်ပိုင်ရှင် နှင့်ရွာသူရွာသားများအားထိခိုက်ခဲ့ခြင်းရှိ-မရှိဆိုသည်ကို လောလောဆယ်မသိရသေးပါ။

ဗမာလက်နက်ကိုင်တပ်သည် ဤကဲ့သို့ရွာအတွင်းသို့လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း၊ ရဟတ်ယာဉ်များပေါ်မှ ရော့ကတ်များ၊စက်သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်နေ ခြင်းမှာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်နေခြင်းပင်ဖြစ်သည်။
 
ရဟတ်ယာဉ်ပေါ်မှပစ်ခတ်တိုက်ခိုက်ခဲ့သည်များအထဲတွင် ဗမာလက်နက်ကိုင်တပ်သည် ၎င်းတို့တပ်ဖွဲ့ရှိရာနေ ရာသို့မှားယွင်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တပ်မ(၂၂) မှသေဆုံးသူများရှိခဲ့သည်။ မိမိတို့အနေဖြင့် ရဟတ်ယာဉ်ပေါ်မှရော့ကတ်လောင်ချာသင့်ရန်သူ့အလောင်းတစ်လောင်းနှင့် လက်နက်ငယ်တစ်လက်ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၉ ခုနှစ်၊ မတ်လ(၁၂) ရက်၊ ည(၁၀)နာရီ ( ၂၀) မိနစ်တွင်ရေးတင်ပါသည်။
1 person reacted
17 views