874 posts

တချို့က လူမှုကွန်ရက်ပေါ်မှာ
ဘဝတခုဖန်တီးတယ်
လက်တွေ့ဘဝနဲ့ ခြားနားတယ်Show more

ဥပမာ သူ့ရဲ့ပြင်ပ ပတ်ဝန်းကျင်မှာ
ရှင်သန်နေတဲ့ ကျင်လည်မှုပုံသဏ္ဍာန်နဲ့
လူမှုကွန်ရက်ပေါ်မှာ ပြသထားတဲ့ ပုံသဏ္ဍာန်က
အလွန်တရာ ကွာခြားတယ် လုံးဝကို ခြားနားတယ်

ကျနော့်အနေနဲ့ ဒီလိုမျိုးကို သဘောမကျဘူး
ကျနော့်လက်တွေ့ဘဝနဲ့ မကိုက်ညီဘူး
သိတဲ့သူတွေက သိသလိုပုံစံမျိုး
မသိတဲ့သူတွေကို မသိသလိုပုံသဏ္ဍာန်မျိုးက
ဆက်ဆံရေးမှာ အဆင်မပြေပါဘူး

ကျနော် ဘယ်သူ့ကိုမှ မမီခိုဘူး
ဘယ်သူ့အပေါ်မှ မကောင်းစိတ်မမွေးဘူး
ဘယ်သူ့အပေါ်မှ မတိုက်ခိုက်ဘူး
ဘယ်သူ့ကိုမှ မဟုတ်တာမလုပ်ဘူး

ကျနော် ရိုးသားမှုကို လိုလားပါတယ်
ကျနော့်ဘဝမှာ ကျနော်ဖြတ်သန်းနေတဲ့ပုံသဏ္ဍာန်ကို
ကျနော့်လက်ရှိဖြစ်စဉ်အတိုင်းပဲ ဖြတ်သန်းချင်ပါတယ်

ကျနော့်ကို အပြင်မှာ သိတဲ့သူတွေက
ကျနော့်ကို လူမှုကွန်ရက်ပေါ်မှာမသိဖို့ မဖုံးကွယ်ချင်ဘူး

ကျနော့်ကို လူမှူကွန်ရက်ပေါ်မှာသိတဲ့ သူတွေက
ကျနော့်ကို အပြင်မှာ မသိဖို့ မဖုံးကွယ်ချင်ဘူး

ကျနော်နဲ့ လူမှုကွန်ရက်မှာ ရင်းနီးသူတွေကို
အပြင်မှာတွေ့တဲ့အခါလည်း နှုတ်ဆက်ချင်တယ်
ဖက်ကဲတလင်းပြုချင်တယ် ရင်းနီးချင်တယ်

ကျနော်အရင်က အရမ်းဆိုးသွမ်းပါတယ်
တော်တော့်ကို ဆိုးသွမ်းတဲ့ လူဖြစ်ခဲ့ပါတယ်
ကျနော် ဘယ်သူ့အပေါ်ကိုမှ မနာလိုစိတ်မမွေးပါဘူး
ကျနော့်ဘဝမှန်နဲ့ လူမှုကွန်ရက်ဘဝကို
တထပ်တည်းကျလိုပါတယ် ကျနော်မဖုံးကွယ်ချင်ပါ
ကျနော့်ရဲ့ လက်တွေ့ဖြတ်သန်းနေတဲ့ ဘဝမှန်နဲ့
လူမှုကွန်ရက်ပေါ်က ဖြတ်သန်းမှုကို
တထပ်တည်း ကျလိုခြင်းဖြစ်ပါတယ်

ယခုရေးသားမှုဟာ လက်တွေ့ဘဝနဲ့
လူမှုကွန်ရက်ဘဝကို တူညီအောင်လို့
ညှိနှိုင်းပြသတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်

ကျနော်ဘယ်သူ့ကိုမှ မနာဝန်တိုမုန်းတီးတိုက်ခိုက်
စော်ကားရိုင်းစိုင်းခြင်းမျိုး လုံးဝမလုပ်ပါ
ကျနော်ရဲ့ လက်တွေ့နဲ့ လူမှုကွန်ရက်မှာ
ဘဝတခုတည်း ကျနသေချာအောင် ညှိနှိုင်းခြင်းကို
ဖတ်ရှူရတဲ့အခါ တိုက်ဆိုင်ခဲ့ရင် ခွင့်လွှတ်ပါ

ကျနော် လက်တွေ့ဘဝမှာ ဆယ်တန်းမအောင်ပါ
ကျနော် လူမှုကွန်ရက်မှာလည်း ဆယ်တန်းမအောင်ချင်ပါ

ကျနော် လက်တွေ့ဘဝမှာ ပိုက်ဆံမချမ်းသာပါ
ကျနော် လူမှုကွန်ရက်မှာလည်း ပိုက်ဆံမချမ်းသာပါ

ကျနော် လက်တွေ့ဘဝမှာ တက္ကစီယာဉ်မောင်းပါ
ကျနော် လူမှူကွန်ရက်မှာလည်း တက္ကစီယာဉ်မောင်းပါ

ကျနော် လက်တွေ့ဘဝမှာ ပရဟိတသမားမဟုတ်ပါ
ကျနော် လူမှုကွန်ရက်မှာလည်း ပရဟိတသမားမဟုတ်ပါ

ကျနော် လက်တွေ့ဘဝမှာ အမျိုးသားရေး စိတ်ရှိသူပါ
ကျနော် လူမှုကွန်ရက်မှာလည်း အမျိုးသားရေး စိတ်ရှိသူပါ

ကျနော့် ရုန်းကန်မှုကို ကျနော်ရိုးသားစွာ ဖြတ်သန်းလိုပါ၏
ကျနော် ဘယ်သူ့အပေါ်မှ မဟုတ်တာ မလုပ်ပါ
ကျနော့်ကိုလည်း မဟုတ်တာ လုပ်ရင် မကြိုက်ပါ

ကျနော့်ကို မဟုတ်မှန်တာ ပြောဆိုတိုက်ခိုက်ရင်
ကျနော် ရေမြေဆုံးအောင် လိုက်လံရှင်းလင်းပါမည်
ကျနော် လူမှုကွန်ရက်မှာ ရှင်းလို့ရရင် ရှင်းမည်
ကျနော် အပြင်လက်တွေ့မှာ ရှင်းလို့ရရင် ရှင်းမည်

ကျနော် မည်သူ့ကိုမျှ မဟုတ်တာ မလုပ်ပါ
ကျနော်သည် လက်တွေ့ဘဝမှာရော
အပြင်ဘဝမှာရော မိဘနှစ်ပါးကို
မိမိ၏ သမ္မာအာဇီဝဖြင့်ရရှိလာသော
လုပ်အားငွေကြေးတို့ဖြင့် ရှာဖွေကျွေးမွေးနေသော
အိမ်ထောင်မရှိ လူပျိုအရွယ်လတ်တဦးဖြစ်သည်
ကျနော့်မိဘနှစ်ပါးကို ပြည့်စုံကုံလုံအောင်
ထားရှိနိုင်သော အခြေအနေတမျိုးကို မဖန်တီးနိုင်သရွေ့
ကျနော်သည် အိမ်ထောင်ရေးကို မစဉ်းစားပါ
ကျနော့် ချစ်သူကိုလည်း တိတ်တဆိတ် မတွဲလိုပါ
လက်ရှိ နှလုံးသားရေး ကဏ္ဍတွင်လည်း
ကျနော်နှစ်သက်နိုင်မည့်အခြေအနေမျိုးအထိ
ရောက်လာနိုင်မလားဟု စောင့်ကြည့်နေဆဲ အကဲခတ်နေသော
ကျနော့်ထက် သုံးနှစ်ခန့်ငယ်ရွယ်သော မိန်းခလေးတဦးရှိပါသည်

သူမနှင့် ဆုံစည်းပုံမှာ
နယ်မှအလုပ်ကိစ္စဖြင့်
ရန်ကုန်သို့ရောက်ရှိလာပြီး
နာရီတွေပါ ဓာတ်ခဲလဲရန် ပြင်ရန်အလို့ငှါ
နာရီသုံးလေးငါးလုံး ယူဆောင်လာရင်း
နာရီပြင်ဆိုင် သို့ တက္ကစီငှါးစီးရင်း
နောက်ရက်ခရီးစဉ်အတွက်ပါ
အောင်မင်္ဂလာ အဝေးပြေးကွင်းသို့
ကျနော့်တက္ကစီယာဉ်ကို ငှါးစီးရင်း ကြုံတွေ့ခဲ့သူဖြစ်သည်
သို့သော် သူမ၏ နေထိုင်မှုစရိုက်ပုံပန်းသဏ္ဍာန်ကို
ကျနော်နှစ်သက်နိုင်မည်လား အကဲခတ်ဆဲ ဖြစ်ပါကြောင်းနှင့်
နှစ်သက်ရာ ရွေးခြယ်နိုင်ကြောင်း ပြောပြလိုရင်း

ကျနော့် ဘဝ၏ ဖြစ်စဉ်ကို
သမ္မာအာဇီဝကျကျဖြင့် လုပ်ရပ်မှန်ကန်စွာ
မည်သူ့အပေါ်ကိုမှ မဟုတ်မမှန်စွာမပြုလုပ်ရင်း
မည်သူ့အပေါ်မှာမဆို ရိုးသားစွာပင်ဆက်ဆံရင်း
ကောင်းမွန်မှန်ကန်စွာဖြင့် ကြိုးကြိုးစားစား
ရှာဖွေစုဆောင်းရင်း အသက်၆၀ အရွယ်
မိဘနှစ်ပါးတို့ကို ရှာဖွေကျွေးမွေးပြုစုရင်း
လက်တွေ့ဘဝကို ဖြောင့်တန်းစွာဖြတ်သန်းနေ၏

Maung Maung Zin
23 people reacted
494 views
ဆလုံတို့ရဲ့ ရှင်အရဟံ 🙏🏻

အခုထိ ရင်ထဲမကောင်းပါဘုရားShow more
သာသနာတော်မှာ မှတ်ကျောက်တင်ခံတဲ့
ရဟန်းတော်အဖြစ် သမိုင်းဝင်နေမှာပါဘုရား

ပုဂံပြည်သို့ ကြွချီကာ
ဗုဒ္ဓသာသနာပြန့်ပွားစေတော်မူခဲ့တဲ့ ရှင်အရဟံ၏
အကျိုးကြီးမားလှတဲ့ သာသနာ့ဝန်ကိုဆောင်ခဲ့ခြင်းက
နှစ်ပေါင်းထောင်ချီကြာညောင်းခဲ့လည်း
ရှင်အရဟံဟူသည့် ရဟန်းတော်မြတ်ကြီးကို
ဗုဒ္ဓဘာသာဝင်တို့အတွက် ယနေ့ထိတိုင်
ကျေးဇူးတင်မဆုံး ကြည်ညိုမဆုံး ရှိပါသလို

အရှင်ဘုရား၏ သာသနာ့ဝန်ကိုထမ်းခဲ့ပုံမှာလည်း
ရှင်အရဟံ ကဲ့သို့ပင် အမြဲအမှတ်ရကာ
ကျေးဇူးတင်မဆုံး ကြည်ညိုလို့မဆုံး တည်ရှိနေမှာပါဘုရား

🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻

Maung Maung Zin
100 people reacted
1.1K views
" အရိုင်းမြေကို ယဉ်စေခဲ့သူ
ရေနက်ကျွန်းထိ သာသနာပြုသူ
ဆလုံတို့ရဲ့ နေတဆူလတဆူ "Show more
🙏 🙏 🙏 🙏 🙏

ဂျလန်းကျွန်းဆရာတော်
ကိုဗစ်ရောဂါနဲ့ ဘဝနတ်ထံပျံလွန်တဲ့သတင်းကို
စသိသိချင်းမှာ ကြက်သီးဖြန်းဖြန်းထအောင်
တုန်လှုပ်အံ့အားသင့်ခဲ့ရတယ်

ကံကြွေး ပေးဆပ်မှုတခုလို့
နှလုံးသွင်းမှတ်ယူလိုက်မှ ပုံမှန်ပြန်ဖြစ်တယ်

ဆရာတော်ရဲ့ ကျေးဇူးတရားဟာ
အလွန်ကြီးမားတယ် သက်တော်နဲ့မမျှအောင်
ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဝန်ကိုထမ်းတော်မူခဲ့တယ်
သာသနာတော်အတွက် အလွန်တန်ဘိုးကြီးသူဖြစ်တယ်

မြင့်မြတ်ရာ ဘုံဌာနဆီမှ
ငြိမ်းအေးရာ မြတ်နိဗ္ဗာန်ဆီသို့ မြန်မြန်ရောက်ရှိပါစေဘုရား

🙏 🙏 🙏 🙏 🙏

Maung Maung Zin
78 people reacted
1.1K views
နံနက်မိုးသောက် အာရုဏ်ရောက်ပြီဆိုလျှင်
မျက်လုံးများဖွင့် သိစိတ်ဝင့်ကာ နိုးထစချိန်၌ပင်
Show more
မဟာကုသိုလ်အထူးအမြတ်ကြီးကို
ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့အနေဖြင့်
ဦးစွာပြုခွင့်အား နေ့စဉ်နေ့တိုင်းရရှိနေသည်ဟုဆိုချင်သည်

သရဏဂုံ တည်ကာမျှနှင့်ပင်
မိမိတို့၏ အသက်ခန္ဓာကိုယ်ကြီးကို

အမြတ်ဆုံးသော အလှူခံပုဂ္ဂိုလ်ဖြစ်တော်မူသည့်
မြတ်စွာဘုရားရှင်တော်အား လှူဒါန်းလိုက်ခြင်းမည်ပေသည်

ထိုသို့အကျိုးကြီးမားလှသော မြတ်ကုသိုလ်ထူးကြီးကို
သရဏဂုံ စောင့်တည်ကြခြင်းဖြင့် နေ့စဉ်ပြုနိုင်ကြပါစေသော်ဝ်

🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻

Maung Maung Zin
19 people reacted
366 views
#သတိထားဖို့ပါခင်ဗျာ

CNG အိုးအလွတ်တွေကို ပုဂ္ဂလိကဆိုင်တွေမှာလိုက်ဝယ်နေကြတယ်။ရောင်းတဲ့ဆိုင်တွေကShow moreလည်း
ရောင်းပေးလိုက်ကြတယ်။
မရောင်းတဲ့ဆိုင်တွေကလည်း
မရောင်းဘူး။
အသိ Gas ဆိုင်တွေရှိရင်စုံစမ်းကြည့်လို့ရတယ်။
CNG အိုးတွေကိုဝယ်ပြီး ခေါင်းဖြုတ်တယ်။
ပြီးတော့ ဆေးတယ်။ အထဲကို။
ဒါပေမယ့် CNG ဂျိုးတွေဟာဘယ်လိုမှဆေးလို့မကုန်ဘူး။
ဒါပေမယ့် သင့်သလောက်ဆေးပြီး
Oxygen ခေါင်း ပြောင်းတပ်တယ်။
ပြီးတော့ oxygen ထည့်ပြီးရောင်းစားနေကြတယ်။
လူမမာရှုမိရင် သေပြီလေ။
အဲဒီလို လူမမာတွေ
ဘယ်လောက်များများ
သေပြီးကြပြီလည်းမသိဘူး။

ဒီမနက် မိသားစုလိုပတ်သက်နေတဲ့အိမ်က online ကနေတွေလို့တဲ့ Oxygen ၄ အိုးမှာလိုက်တာ
၅ ရက်နေတော့ ဒီနေ့လာပို့တယ်။
မသင်္ကာလို့နားလည်သူကိုခေါ်ပြတော့ CNG အိုးတွေဖြစ်နေတယ်။
ဖုံးပြန်ခေါ်တော့ လိုင်းပိတ်သွားပြီ
၁၆ သိန်းပေးလိုက်ရတယ်တဲ့။
၎ အိုးဖိုး။

ရှူမိတဲ့ သေတဲ့ DB တွေက
နှုတ်ခမ်းတွေပြာနေတယ်။
အသားတွေပြာနေတယ်။
အဆုတ်ကွဲသေတယ်ကြားပါတယ်။

အောက်ဆီဂျင်အိုးဝယ်ယူရာမှာ ဂရုစိုက်ကြပါခင်ဗျာ။

နားလည်သူနဲ့ပြပြီးမှ ဝယ်ကြပါ။

#crd
17 people reacted
654 views