ကျဆုံးစာရင်းတွေမှာ အဖျောက်ခံထားရတယ်။
လတ်တလောမှာ အကျအဆုံးများလို့ လက်အောက်ငယ်သားတွေ စိတ်ဓာတ်ကျမှာစိုးလို့ တပ်တွင်းမှာ ကျဆုံးစာရင်းတွေ ဖျောက်ခံထားရတယ်။ မယုံမရှိနဲ့
Show more ၊ ရှေ့က ရှေ့တန်းထွက်ပြီး ပြန်လာရင် လူနည်းနည်းပဲ ပါလာတော့တာတို့၊ အဲ့လိုပါလာခဲ့ရင်လည်း ကျန်ခဲ့တဲ့သူတွေက တာဝန်ထမ်းနေရလို့ ပြန်မလာနိုင်သေးဘူးနဲ့ လိမ်ထားလို့ လိမ်ထား၊ မိသားစုဝင်တွေမေးရင်လည်း အင်းမလုပ် အဲမလုပ်နဲ့၊ တကယ်က ကျဆုံးတွေ အရမ်းများလို့ စာရင်းဖျောကိနေရပြီ။ ပုံထဲက ရဲဘော်ဆိုလည်း သတင်းထဲပါလာမှ သူ့အိမ်က သူကျဆုံးပြီဆိုတာ သိရတာ။ အဲ့မတိုင်ခင် သူ့အိမ်ကလူတွေ တပ်ထဲ ဆက်သွယ်တော့ မစိုးရိမ်ပါနဲ့ ဘာညာ ဇာတ်လမ်းထွင်ပြောနေတာ၊ သတင်းတွေက သိတာမြန်လို့ပေါ့။ မဟုတ်ရင် သူ့အိမ်က စိတ်ဖြေစရာ ရှာတွေ့မယ်မထင်။ အမှန်ဆို ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကျဆုံးကြောင်းကိုတော့ အသိပေးရမယ်ဆိုတာကို နားမလည်ကြတော့ဘူး။ တချို့ တပ်ရင်းမှူးတွေဆို အဲ့စစ်သည်တွေရဲ့ ဦးပိုင်ငွေတွေလည်း ဒိုင်လျှိုသိမ်းတယ်ဆိုပြီး ကြားမိသေးရဲ့။ အော် တစ်မြေတည်းနေ တတရေတည်းသောက်နေကြသူချင်း နောက်ကျောဓားထိုးကြလေသည်ပေါ့။ တပ်တွင်းမှာလည်း တကယ်မလွယ်ကြောပါ့လားနော်။