12 posts
ဆင်ခြင်သတိထားကတ်ရန် ထုတ်ပြန်ကြေညာချက်
အမှတ်၊ (၁၀/၂၀၂၁) Show more
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်
website link: https://bit.ly/3GWlfMb
0 people reacted
36 views
++++
အမျိုးသားရီးခံယူချက်အားကောင်းသောတော်လှန်ရီးလက်နက်ကိုင်တပ်ဖွဲ့ဝင်စစ်သည်တော်များသည်(တနည်း) ရက္ခိုင့်နိုင်ငံရီးရည်မှန်းချက်ဖြစ်သည့်" ရက္ခိတလမ်းစဉ်"ကို အကောင်အထည်ဖော်နီကတ်သည့် စေတနာ့ဝန်ထမ်းများဖြစ်ကတ်သည်။
ဒီဇင်ဘာလ(၅) ရက်နိသည် နိုင်ငံတကာစေတနာ့ဝန်ထမ်းများနိ( International Volunteer Day) ဖြစ်သည်။
"အာရက္ခဒေသအုပ်ချုပ်ရီး"အေထက်ပီပြင်လာရန် မြီပြင်တာဝန်ထမ်းဆောင်မည့် သီနတ်မကိုင်သော စေတနာ့ဝန်ထမ်းအနစ်နာခံမည့်သူများ အရေးတကြီး လိုအပ်နီပါသည်။
အပြင်မှ ပါဝင်ဝန်းရံပီးနီကတ်သောသူများထက် ULA ထဲတွင် ထဲထဲဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွာနန့် အာရက္ခတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်း သူရဲကောင်းညီချေ၊ ညီမချေများကို ၂၀၂၂ အဝင်မှာ စောင့်ကြိုနီပါသည်။
0 people reacted
40 views
၂၀၂၀ ပြည့်၊ အောက်တိုဘာ(၄) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ
(ရက္ခိုင့်တပ်တော်မှ တစ်ရက်တာခေတ္တလက်လွတ်ခဲ့ရသော မိမိတို့စခန်းငယ်တစ်ခုအားShow more (၂၄) နာရီအတွင်း ပြန်လည်သိမ်းပိုက်ရရှိ)
website link: https://bit.ly/30CN09H
မြန်မာနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာကိုရိုနာကူးစက်ရောဂါ၊ ဒုတိယလှိုင်းကာလအား ရင်ဆိုင်ကြုံတွေ့နေရသော အချိန်ကာလဖြစ်သည်။ ဤသည်ကို ဖက်ဆစ်နယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်သည် အမြတ်ထုတ်ပြီး အခွင့်ကောင်းယူကာ ရက္ခိုင့်တပ်တော်အပေါ် ပြင်းထန်သောထိုးစစ်ဆင်တိုက်ခိုက်မှုများကို မိုက်မဲစွာ နှင့် တာဝန်မဲ့စွာ ဆက်လက်ပြုလုပ်လျက်ရှိသည်။
မြန်မာ့တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၌ "မိမိတို့စခန်းငယ်တစ်ခုအား သိမ်းပိုက်ရရှိသည်" ဟု သတင်းထုတ်ပြန်ထားသည်။ ထိုစခန်းငယ်သည် ရသေ့တောင်မြို့နယ် ၊ အောင်သာစည်ကျေးရွာ၏ အနောက်တောင်ဖက် မီတာ(၇၀၀) ခန့် (သို့မဟုတ်)ထီးစွဲကျေးရွာ၏ အရှေ့တောင်ဖက် မီတာ (၁၁၀၀)ကျော်အကွာအဝေး၌ တည်ရှိသည်။ မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်တော်အပေါ် ကာလရှည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နေရာများထဲမှ တစ်ခုဖြစ်သည်။
ဤနေရာအား မြန်မာ့တပ်မတော်သည် "ဇွန်လ" ကတည်းကပင် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယခုဆိုလျှင် လေးလကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရန်သူသည် ရဟတ်ယာဉ်နှင့်လက်နက်ကြီးပစ်ကူ အမြောက်အမြား၊ အင်အားအလုံးအရင်းဖြင့် အဆိုပါစခန်းငယ်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ (၃) ရက်နေ့တွင် မိမိတို့အနေဖြင့် အဆိုပါစခန်းငယ်အား ခေတ္တစွန့်လွှတ်ခဲ့ရသည်။ ထို့အပြင် မိမိတို့၏ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရသည်။ ဒဏ်ရာရရှိသူအနည်းငယ်မှလွဲ၍ အကျအဆုံးမရှိခဲ့ချေ။
ယမန်နေ့က မိမိတို့ခေတ္တစွန့်လွှတ်ခဲ့သော စခန်းငယ်အား အာရက္ခစစ်သည်တော်တို့သည် အရှုံးမပေးတတ်သောစိတ်ဓာတ်၊ ပြောင်မြောက်သောရဲစွမ်းသတ္တိ၊ ထက်မြက်သောတိုက်ရည်ခိုက်ရည်တို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ရန်သူ၏ ထီးစွဲ၊ ရသေ့တောင်ဗျူဟာများမှ လက်နက်ကြီးပစ်ကူများ၊ ရဟတ်ယာဉ်ပစ်ကူများ အမြောက်အမြားပစ်ခတ်နေသည့်ကြားမှ အာရက္ခစစ်သည်တော်များသည် နယ်ချဲ့ဖက်ဆစ်အကြမ်းဖက် တပ်ဖွဲ့အား အပြတ်အသတ်ချေမှုန်းပြီး အောင်ပွဲရယူနိုင်ခဲ့သည်။ မိမိထက် စစ်သည်အင်အား၊ လက်နက်အင်အား၊ ပစ်ကူအားသာလွန်သော ရန်သူကို အပြတ်အသတ်ချေမှုန်းပြီး အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်သူသည် အောက်တိုဘာလ (၄) ရက်၊ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဘူးသီးတောင်ဗျူဟာမှ (MRLS)အတွဲလိုက်ဒုံးများဖြင့်လည်းကောင်း၊ ရဟတ်ယာဉ် (၂) စီးဖြင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာအား ညအချိန်များ၌ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အထိအခိုက်အနည်းဆုံးဖြင့် ခုခံနိုင်ခဲ့သည်။
အာရက္ခစစ်သည်တော်များမှ နှစ်နာရီနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ညနေ (၇) နာရီ (၂၆) မိနစ်တွင် မိမိတို့ခေတ္တလက်လွှတ်ခဲ့ရသောစခန်းငယ်အား အလုံးစုံပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူခဲ့သည်။ ရက္ခိုင့်တပ်တော်မှ တစ်ရက်တာခေတ္တလက်လွှတ်ခဲ့ရသော မိမိတို့စခန်းအား (၂၄) နာရီအတွင်း ပြန်လည်သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။
တပ်မ (၄၄) လက်အောက်ခံ၊ မုတ္တမအခြေစိုက် (၁၀၂) တပ်ရင်း၊ မော်လမြိုင်အခြေစိုက် ခမရ (၁၀၄) နှင့် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၈) တပ်ရင်းများမှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ဦးကျော်အား ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။ မိမိတို့ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအပြင် လက်နက်ငယ် (၄၀) လက် အပါအဝင် ခဲယမ်းအမြောက်အမြားပါဝင်သော ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြား နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ အခြားတစ်နေရာဖြစ်သော မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာ၏အရှေ့တောင်ဖက်(၁) ကီလိုမီတာအကွာအဝေး မြန်မာ့တပ်မတော် (ခ) စစ်ရာဇဝတ်နယ်ချဲ့ ဖက်ဆစ်တပ်သည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာအချို့အား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် အောက်တိုဘာလ (၄) ရက်၊ ညနေ (၄) နာရီ (၂၈) မိနစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ (၃) ရက်နေ့၌လည်း ရန်သူသည် အဆိုပါပတ်ဝန်းကျင်ရှိ မိမိတို့စခန်း (၃) ခုအား အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သေးသည်။ ရက္ခိုင့်တပ်တော်မှ အကောင်ဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူ့ဖက်မှ (၂၀) ဦးထက်မနည်း ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
အောက်တိုဘာလ (၄) ရက်နေ့တိုက်ပွဲများအတွင်း ရန်သူစုစုပေါင်း (၆၀) ဦးအထက်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူများအတွက် အထိနာဆုံးနေ့ရက်တစ်ရက်ဖြစ်သည်။
တိုက်ပွဲများအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်စစ်သည်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၅) ရက်၊ ညနေ (၁၀) နာရီ (၁၅) မိနစ်တွင် ထုတ်ပြန်သည်။
0 people reacted
27 views
0 people reacted
26 views
0 people reacted
24 views