CDM လုပ်နေသူတိုင်း အာဏာရှင်ကို ဆန့်ကျင်နေသူဖြစ်ပြီး၊ CDM မလုပ်တိုင်းလည်း အာဏာရှင်ကို ထောက်ခံနေတာ မဟုတ်ဘူး။
Show more
နေရာချင်းတော့ ကွာလိမ့်မယ်။
ရန်ကုန် မန္တလေး နေပြည်တော် မော်လမြိုင် စတဲ့ မြို့ကြီးတွေမှာ CDM လိုတယ်။ ၀ ကိုးကန့် ရခိုင်စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ CDM မလိုဘူး။
မလိုဘူးဆိုတာထက် မလိုတော့ဘူးလို့ပြောရင် ပိုပြီးမှန်မယ်၊ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်မှာ ၂၀၁၉/၂၀၂၀ ခုနှစ်တွေကတည်းက မြောက်ဦး ကျောက်တော် မြေပုံစတဲ့မြို့တွေမှာ အုပ်ချုပ်ရေးမှုးတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်သွားခြင်းဟာ CDM ပါပဲ။ အခုအချိန်မှာ အဲဒီဒေသတွေမှာ အေအေက လူစားထိုးပြီး အုပ်ချုပ်ရေး တည်ဆောက်နေတယ်။
ရခိုင်ပြည်ဟာ စစ်ဘေးစစ်ဒဏ်တွေကြောင့် မြို့နယ်ပေါင်းများစွာ စစ်မြေပြင်ဖြစ်ခဲ့ရတယ်။ ပြည်သူတွေ ထမင်းမငတ်အောင် ကြိုးစားတည်ဆောက်နေဆဲကာလ ဖြစ်တယ်။
CDM လုပ်တယ်ဆိုတာ အာဏာရှင်ကို အနုညံ့ဆုံးတော်လှန်ခြင်းဖြစ်တယ်၊ ရခိုင်လို စစ်မြေပြင်မှာ CDM ဟာ တကယ်မလိုအပ်ဘူး၊ CDM လုပ်ခြင်းအားဖြင့် စစ်တပ်ကို ပိုပြီးနေရာပေးတာနှင့် အတူတူပဲဖြစ်နေတယ်။ စစ်တပ်က နေရာများများရလေလေ ပြည်သူတွေ အထိနာလေလေပဲ။ ရန်ကုန်မှာ စစ်တပ်ဝင်လာတဲ့ ရပ်ကွက်တွေနှင့် နိုင်းယှဉ်ကြည့်ကြပေါ့။
ရှင်းရှင်းလင်းလင်း ပြောရရင်...
CDM လုပ်တယ်ဆိုတာ လက်နက်မရှိတဲ့အချိန်မှာ အာဏာရှင်ကို ဆန့်ကျင်ခြင်းတမျိုးဖြစ်ပြီးတော့၊ လက်နက်ကိုင် တိုက်ပွဲနှင့် ခုခံတော်လှန်နေချိန်မှာ CDM ဆိုတာ ပါးစပ်ထဲထည့်ပြီးပြောနေစရာမလိုတော့တဲ့ သာမာန် အာဏာဖီဆန်ခြင်းတမျိုးသာ ဖြစ်တယ်။
ဒီတော့ ထပ်ပြီးပြောမယ်...
တိုက်ပွဲတွေပြီးသွားလို့ ပြည်သူတွေကို နေသားတကျရှိအောင် တည်ဆောက်နေရတဲ့ ရခိုင်ပြည်မှာ CDM မလိုဘူး၊ တိုက်ပွဲမရှိသေးတဲ့ ဒေသတွေမှာတော့ CDM လိုတယ်၊ ဆန္ဒရှိရင် လုပ်ကြ။
ဒါပေမယ့် CDM လုပ်ခြင်းသက်သက်နှင့် အာဏာရှင်ကို အနိုင်ရမယ်လို့တော့ မထင်ကြနဲ့၊ ငကန်းသေရင် ငစွေပေါ်လာစမြဲပဲ။
ရန်သူကိုလည်းတိုက်ပါ၊ ကိုယ့်ကိုကိုယ်လည်း တည်ဆောက်ယူပါ။ ရခိုင်ပြည်ဟာ ပြန်လည်တည်ဆောက်ယူနေဆဲ ကာလဖြစ်တယ်၊ မြန်မာတနိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ် ဆိုရင် ဘယ်ဒေသကပဲ စပြီး ငြိမ်းချမ်းငြိမ်းချမ်း လက်ခံပေးနိုင်တဲ့ စေတနာရှိဖို့ အထူးလိုအပ်တယ်။
ငါတို့ မငြိမ်းချမ်းဘူး၊ မင်းတို့လည်း ငါတို့နှင့်အတူ လိုက်ပြီး ပြိုကွဲပေးရမယ်ဆိုတဲ့ စိတ်ရှိနေရင် ဘယ်တော့မှ မငြိမ်းချမ်းဘူးလို့ မှတ်။